International News: ကယ်လီဖိုးနီးယား ပါတီပွဲ မီးလောင်မှု အနည်းဆုံး ၉ ဦးသေ

, updated

ပါတီပွဲပြုလုပ်ရာ အဆောက်အအုံမှာ အီလက်ထရောနစ် ဂီတအဖွဲ့က သီဆိုဖျော်ဖြေမှု ပြုလုပ်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

play


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့အနီးရှိ အဆောက်အအုံတစ်ခုမှာ ပါတီပွဲပြုလုပ်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရပြီး သေဆုံးသူ အရေအတွက်ဟာ ၄၀ အထိ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။


အုတ်ကလန်မြို့မှာ သောကြာနေ့ (ဒီဇင်ဘာ ၂ ရက်) ဒေသစံတော်ချိန် ည ၁၁း၃၀ မှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဘီဘီစီသတင်းဌာနကို ပြောပါတယ်။ အဆိုပါ အဆောက်အအုံမှာ ပါတီပွဲအတွင်း Golden Donna အီလက်ထရောနစ် ဂီတအဖွဲ့က သီဆိုဖျော်ဖြေမှု ပြုလုပ်နေခဲ့စဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

play


ဂီတဖျော်ဖြေမှုအဖွဲ့ ဖေ့စ်ဘွတ်စာမျက်မှာမှာ ဖော်ပြထားမှုအရ လူအချို့ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ဒေသခံ သတင်းဌာနတွေရဲ့ ပြောကြားမှုအရ လူ ၂၅ ဦးခန့် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

play


မီးလောင်မှုဖြစ်ပွားစဉ် အဆောက်အအုံအတွင်း လူ ၅၀ ခန့် ရှိနေခဲ့တယ်လို့ KTVU သတင်းဌာနက ပြောပါတယ်။ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းများအရ အဆောက်အအုံ ခေါင်မိုးနေရာမှာ မီးလောင်မှုကြီးမားစွာ ဖြစ်နေတာ တွေ့ရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ