International News: အလက်ပိုအရှေ့ပိုင်း သူပုန်များထိန်းချုပ်ရာ ဒေသတစ်ဝက်ကို ဆီးရီးယားအစိုးရ ပြန်သိမ်း

ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်း ဆီးရီးယားအရှေ့ပိုင်း နေရာဒေသတွေကို အစိုးရတပ်ဖွဲ့နဲ့ လက်နက်ကိုင်မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်လာခဲ့ပါတယ်။

play


ဆီးရီးယားနိုင်ငံ အလက်ပိုမြို့အရှေ့ပိုင်းရှိ သူပုန်များထိန်းချုပ်ရာ ဒေသတစ်ဝက်ကို အစိုးရတပ်ဖွဲ့က ပြန်လည် သိမ်းပိုက်နိုင်ပြီလို့ ဆိုပါတယ်။ ဗြိတိန်အခြေစိုက် ဆီးရီးယားစောင့်ကြည့်အဖွဲ့ရဲ့ အဆိုအရ တာရစ်အယ်လ်ဘက် ဒေသကို အစိုးရတပ်ဖွဲ့က သောကြာနေ့ (ဒီဇင်ဘာ ၂ ရက်) မှာ ပြန်သိမ်းပိုက်လိုက်ပြီနောက် အစိုးရထိန်းချုပ်ရာဒေသနဲ့ အလက်ပိုလေဆိပ်ကို ဆက်သွယ်တဲ့လမ်းကြောင်းကို ပြန်ဖွင့်နိုင်ပြီ ဖြစ်ပါတယ်။

play


ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်း ဆီးရီးယားအရှေ့ပိုင်း နေရာဒေသတွေကို အစိုးရတပ်ဖွဲ့နဲ့ လက်နက်ကိုင်မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်လာခဲ့ပါတယ်။ တိုက်ပွဲများဖြစ်နေတဲ့ အလက်ပိုမြို့ဒေသတွေမှာ အရပ်သား ၂၅၀,၀၀၀ ခန့် ပိတ်မိနေကြောင်းလည်း သိရပါတယ်။

play


တိုက်ပွဲများကြောင့် အရပ်သားသောင်းနဲ့ချီ ထွက်ပြေးနေကြရပြီး အလက်ပိုအရှေ့ပိုင်းမှာ ဆေးဝါးနဲ့ အစားအစာ ပြတ်လပ်မှုကြောင့် ဒဏ်ရာရသူတွေကို ခွဲစိတ်ကုသရာမှာ မေ့ဆေး (သို့မဟုတ်) ထုံဆေး မသုံးနိုင်ဘဲ ပြုလုပ်နေရကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

အလက်ပိုအရှေ့ပိုင်းဒေသတွေကို ဆီးရီးယားအစိုးရတပ်ဖွဲ့က ပြန်လည် သိမ်းပိုက်တဲ့ စစ်ဆင်ရေးအတွင်း တိုက်ပွဲများကြောင့် အနည်းဆုံး လူ ၃၀၀ သေဆုံးခဲ့ပါတယ်။ အလက်ပိုမြို့ဟာ ဆီးရီးယားနိုင်ငံရဲ့ စီးပွားရေးနဲ့ စက်မှုလုပ်ငန်း အဓိကမြို့ဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်ဝန်းကျင်မှာ အစိုးရထိန်းချုပ်ရာဒေသနဲ့ သူပုန်များထိန်းချုပ်ရဒေသအဖြစ် နှစ်ခြမ်းကွဲသွားခဲ့တာ ဖြစ်ပါတယ်။
Source & Photo: BBC, Reuters, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ