International News: ထရန့်နဲ့ ထိုင်ဝမ်သမ္မတ ဖုန်းဆက်သွယ်ပြောဆိုမှုကို တရုတ် ကန့်ကွက်

ထရန့်နဲ့ ထိုင်ဝမ်သမ္မတတို့ ဖုန်းဆက်သွယ်ပြောဆိုခဲ့မှုအပေါ် ကန့်ကွက်လွှာ ပေးပို့ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

play


အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်တို့ ဖုန်းဆက်သွယ်ပြောဆိုခဲ့မှုအပေါ် တရုတ်နိုင်ငံက ဒေါသတကြီး ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ ထရန့်နဲ့ ထိုင်ဝမ်သမ္မတို့ ဖုန်းဆက်သွယ်ပြောဆိုခဲ့မှုအပေါ် ကန့်ကွက်လွှာ ပေးပို့ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

play
ဒေါ်နယ်ထရန့်နှင့် ဖုန်းပြောနေသည့် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်


တရုတ်နိုင်ငံက ထိုင်ဝမ်ကို ခွဲထွက်ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ထရန့်ရဲ့အဖွဲ့ အဆိုအရ ထရန့်နဲ့ ဆိုင်အင်ဝမ်တို့က စီးပွားရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေး ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရန် ဖုန်းဖြင့်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

တရုတ်နိုင်ငံက အမေရိကန်အနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ မလိုလားအပ်တဲ့ သက်ရောက်မှုတွေ မဖြစ်စေရန် ထိုင်ဝမ်အပေါ် သတိထား ကိုင်တွယ်ဆက်ဆံရန် တိုက်တွန်းခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ ထရန့်က ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ၎င်းထံ ဖုန်းဆက်သွယ်ပြီး ရွေးကောက်ပွဲအနိုင်ရမှုကို ဂုဏ်ပြုပြောကြားခဲ့ကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။

play
တရုတ်နိုင်ငံခြားရေးဝန်ကြီး


ထရန့်ကလည်း ဆိုင်အင်ဝမ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ထိုင်ဝမ်သမ္မတအဖြစ် ရွေးကောက်ခံရမှုအပေါ် ဂုဏ်ပြုကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

play


ဆယ်စုနှစ်များအတွင်း ထိုင်ဝမ်ခေါင်းဆောင်တစ်ဦးနဲ့ အမေရိကန်ရွေးကောက်ခံသမ္မတတို့ တိုက်ရိုက် ဖုန်းဆက်သွယ်ပြောဆိုမှု မရှိခဲ့ရာ ယခု ထရန့်နဲ့ဆိုင်အင်ဝမ်တို့ ဖုန်းပြောမှုအပေါ် တရုတ်အစိုးရက စိုးရိမ်မှုနဲ့အတူ ကန့်ကွက်ခဲ့ပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ အရေးအပါဆုံး မဟာမိတ်ဖြစ်ပြီး ထိုင်ဝမ်ရဲ့ ကာကွယ်ရေးကဏ္ဍအတွက် လက်နက်ပစ္စည်းများ ရောင်းချပေးနေတာ ဖြစ်ပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ