International News: ကလေးထိန်းရဲ့ချစ်သူက ငိုနေတဲ့ကလေးကို လက်သီးနဲ့ထိုးသတ်

ပြစ်ဒဏ်ကျခံရခြင်းမရှိတာက ရင်နာစရာပါပဲ။

play

 

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဖရက်စ်နိုမြို့က ကလေးငယ်တစ်ဦးဟာ ဝမ်းဗိုက်ကိုပြင်းထန်စွာထိုးနှက်ခံရပြီး သေဆုံးသွားခဲ့ရပါတယ်။ ကလေးကိုထိန်းကျောင်းပေးတဲ့ အမျိုးသမီးရဲ့ ရည်းစားဖြစ်သူက ကလေးငိုနေတဲ့အတွက် ဝမ်းဗိုက်ကို လက်သီးနဲ့ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့တာလို့ သိရပါတယ်။ ကလေးအသက်က ၁၄ လ သာ ရှိပါသေးတယ်။

play

 

နိုဝင်ဘာ ၂၀ ရက်နေ့က ကလေးငယ်ဟာ အသက် ၇ နှစ်အရွယ်အစ်မဖြစ်သူနဲ့ အတူရှိနေခဲ့တာပါ။ ကလေးထိန်းက အိမ်သန့်ရှင်းရေး လုပ်နေစဉ် ကလေးရဲ့အစ်မက ကလေးမှာအသက်မရှိတော့ဘူးလို့ လာပြောတော့မှ သိလိုက်ရတာပါ။ ထိုစဉ်အချိန်က သူမရဲ့ချစ်သူ အသက် ၃၀ အရွယ် ဂျွန်ဆန်လည်း အိမ်ထဲကိုရောက်နေခဲ့ပါတယ်။ ကလေးကိုဆေးရုံပို့ပြီး စစ်ဆေးစဉ်မှာ ပြင်ပဒဏ်ရာမတွေ့ခဲ့လို့ ဂျွန်ဆန်ကို ရုံးတော်က အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ကလေးရဲ့ဝမ်းဗိုက်အတွင်းမှာ ဒဏ်ရာရှိနေခဲ့ကြောင်း နောက်မှ သိလိုက်ရပြီး ရဲတွေရဲ့ စစ်ဆေးမေးမြန်းမှုကြောင့် ဂျွန်ဆန်က ကလေးကိုထိုးနှက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂျွန်ဆန်ကို ပြစ်ဒဏ်ချမှတ်ဖို့ ခိုင်လုံတဲ့သက်သေ မရှိတဲ့အတွက် ရုံးတော်က ပြစ်ဒဏ်ချမှတ်ခြင်းမရှိဘဲ လွှတ်ပေးခဲ့တယ်လို့ Indenpent ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ