International News: ကယ်လီဖိုးနီးယား ပါတီပွဲမီးလောင်မှု သေဆုံးသူအရေအတွက် ၃၆ ဦးအထိ မြင့်တက်လာ

အဆောက်အအုံရဲ့ ၂၀ ရာခိုင်နှုန်းမှာ ရှာဖွေမှုများ ပြုလုပ်ပြီးချိန်အထိ ရုပ်အလောင်း ၃၆ လောင်းကို တွေ့ရှိခဲ့ရကြောင်းနဲ့ ပျောက်ဆုံးနေသူတွေ ရှိနေသေးကြောင်း သိရပါတယ်။

play


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အုတ်ကလန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကုန်လှောင်ရုံတစ်ခုအတွင်း ပါတီပွဲကျင်းပစဉ် မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၆ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

 

ဒီဇင်ဘာ ၂ ရက် ဒေသစံတော်ချိန် ည ၁၁း၃၀ မှာ မီးလောင်မှုဖြစ်ခဲ့တဲ့ ကုန်လှောင်ရုံ အဆောက်အအုံရဲ့ ၂၀ ရာခိုင်နှုန်းမှာ ရှာဖွေမှုများ ပြုလုပ်ပြီးချိန်အထိ ရုပ်အလောင်း ၃၆ လောင်းကို တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။ ပါတီပွဲကျင်းပတဲ့ ကုန်လှောင်ရုံ မီးလောင်မှုဖြစ်တဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။

play


မီးလောင်မှုဖြစ်ခဲ့တဲ့ အဆောက်အအုံကို စစ်ဆေးမှုများအရ မီးသတ်ဆေးဘူး မရှိကြောင်းနဲ့ ဒုတိယထပ်မှ ထွက်ပေါက်မှာ တပ်ဆင်ထားတဲ့ လှေကားမှာလည်း ယာယီသုံးလှေကား ဖြစ်နေကြောင်း သိရပါတယ်။

play


ကယ်ဆယ်ရေးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးလောင်မှုဖြစ်ခဲ့တဲ့ ကုန်လှောင်ရုံ အဆောက်အအုံအတွင်း ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
Source & Photo: BBC

ဆက်စပ်သတင်း - ကယ်လီဖိုးနီးယား ပါတီပွဲ မီးလောင်မှု အနည်းဆုံး ၉ ဦးသေ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ