International News: သူမကို ရာထူးမှထုတ်ပယ်ရန် ကြံစည်နေကြောင်း ဖိလစ်ပိုင်ဒုတိယသမ္မတ ပြောကြား

လီနီရိုဘရီဒိုက သူမနဲ့ သမ္မတဒူတာတေးကြားမှာ ခံယူချက် မူဝါဒနဲ့ တန်ဖိုးထားမှုစံနှုန်း မတူညီမှုများ ရှိနေကြောင်း ပြောပါတယ်။

play
ဖိလစ်ပိုင်ဒုတိယသမ္မတ လီနီရိုဘရီဒို


ဖိလစ်ပိုင်ဒုတိယသမ္မတ လီနီရိုဘရီဒိုက သူမဟာ သမ္မတဒူတာတေးရဲ့ ဝန်ကြီးအဖွဲ့ အစည်းအဝေးများ တက်ရောက်ခြင်းမပြုရန် ပြောကြားခံရပြီးနောက် အစိုးရအဖွဲ့မှ နုတ်ထွက်ဖွယ်ရှိကြောင်း ဒီဇင်ဘာ ၄ ရက်မှာ ပြောကြားပါတယ်။ ၎င်းကို ရာထူးမှ ဖယ်ထုတ်ရန် ကြံစည်နေမှုရှိကြောင်း ဒုတိယသမ္မတက ဆိုပါတယ်။

play
ဖိလစ်ပိုင်သမ္မတဒူတာတေးနှင့် ဒုတိယသမ္မတ လီနီရိုဘရီဒို


သူမကို ရာထူးမှထုတ်ပယ်ရန် ကြံစည်နေမှုနောက်ကွယ်မှာ မည်သူရှိနေကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ လီနီရိုဘရီဒိုက သူမနဲ့ သမ္မတဒူတာတေးကြားမှာ ခံယူချက် မူဝါဒနဲ့ တန်ဖိုးထားမှုစံနှုန်း မတူညီမှုများ ရှိနေကြောင်း ပြောပါတယ်။

 မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲမှာ ဥပဒေထက်ကျော်လွန် သတ်ဖြတ်မှုများ၊ အာဏာရှင် ဖာဒီနန် မားကို့စ်ကို သူရဲကောင်းအဖြစ် သင်္ဂြိုဟ်ခွင့်ပြုခဲ့မှုတို့အပေါ် သမ္မတဒူတာတေးနဲ့ ဒုတိယသမ္မတ လီနီရိုဘရီဒိုကြား သဘောထားမတူညီမှုတွေ ရှိခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးနဲ့ ဒုတိယသမ္မတ လီနီရိုဘရီဒိုတို့ဟာ ပြိုင်ဘက်ပါတီများမှလည်း ဖြစ်ပါတယ်။ သမ္မတဒူတာတေးဟာ မေလရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ၎င်းရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ဆင်ရေးအတွင်း လူပေါင်း ၄,၈၀၀ ခန့်ဟာ ရဲတပ်ဖွဲ့ သို့မဟုတ် မည်သူမှန်းမသိရတဲ့ တိုက်ခိုက်သူတွေကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ