International News: အီတလီဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရာမှာ အရေးနိမ့်ခဲ့ပြီးနောက် အီတလီဝန်ကြီးချုပ်က ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။

play
အီတလီဝန်ကြီးချုပ် မတ်တီယို ရန်ဇီ


အီတလီနိုင်ငံဝန်ကြီးချုပ် မတ်တီယို ရန်ဇီ ရာထူးမှ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။ ၎င်းစီစဉ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရာမှာ အရေးနိမ့်ခဲ့ပြီးနောက် အီတလီဝန်ကြီးချုပ်က ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲ မဲပေးမှုစစ်တမ်းတွေအရ မဲဆန္ဒရှင် ၄၂ မှ ၄၆ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ပြီး ၅၄ မှ ၅၈ ရာခိုင်နှုန်းက ကန့်ကွက်မဲပေးခဲ့ကြောင်း အီတလီအစိုးရ သတင်းဌာန RAI က ပြောပါတယ်။ ဆန္ဒခံယူပွဲမှာ အီတလီပြည်သူ သန်း ၅၀ ခန့် မဲပေးခွင့်ရှိကြောင်း သိရပါတယ်။

play
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ကန့်ကွက်ဆန္ဒပြသည့် အီတလီပြည်သူများ


ဝန်ကြီးချုပ် ရန်ဇီက ယနေ့ (ဒီဇင်ဘာ ၅ ရက်) မွန်းလွဲပိုင်း အစိုးရအဖွဲ့ အစည်းအဝေးမှာ ၎င်းနုတ်ထွက်ကြောင်း ပြောကြားမှာဖြစ်ပြီး နုတ်ထွက်လွှာကို သမ္မတထံ တင်သွင်းသွားမယ်လို့ ဆိုပါတယ်။ ရန်ဇီဟာ အီတလီဝန်ကြီးချုပ်အဖြစ် ၂ နှစ်ခွဲကြာ တာဝန်ယူခဲ့ရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ