International News: ကရာချီမြို့ရှိ ဟိုတယ်တစ်လုံးမီးလောင်ရာမှ အနည်းဆုံး ၁၁ ဦးသေဆုံး

ဧည့်သည်တွေဟာ မီးထဲမှာ ပိတ်မိနေခဲ့ကြပါတယ်။

play

 

ယနေ့မနက် (ဒီဇင်ဘာ ၅ ရက်) က ပါကစ္စတန်နိုင်ငံ ကရာချီမြို့တော်ရှိ အဆင့်မြင့်ဟိုတယ်တစ်လုံးမှာ မီးလောင်မှုဖြစ်ပွားရာက အနည်းဆုံး ၁၁ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရသွားကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

 

Regent Plaza ဟိုတယ်ရဲ့ မြေညီထပ်မှာရှိတဲ့ မီးဖိုဆောင်မှာ မီးလောင်မှု စတင်ဖြစ်ပွားရာက အပေါ်ထပ်တွေမှာရှိတဲ့ ဧည့်သည်တွေဟာ မီးထဲမှာ ပိတ်မိနေခဲ့ကြတာပါ။ ယင်းဟိုတယ်ကို အခန်းပေါင်း ၄၀၀ ကျော်နဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ မီးထဲမှာပိတ်မိနေကြတဲ့ ဧည့်သည်တွေဟာ အိပ်ရာခင်းတွေကို ချိတ်ဆက်ချည်နှောင်ကာ ပြတင်းပေါက်က ခုန်ဆင်းခဲ့ကြတာကိုလည်း ဗီဒီယိုသတင်းထဲမှာ တွေ့ရပါတယ်။

Source : Strait Times, Dawn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ