International News: ရုရှားတိုက်လေယာဉ် မြေထဲပင်လယ်အတွင်း ပျက်ကျ

Su-33 တိုက်လေယာဉ်ဟာ မြေထဲပင်လယ်အတွင်း နေရာယူထားပြီး စစ်ဆင်ရေးဆောင်ရွက်နေတဲ့ ရုရှားလေယာဉ်တင်သင်္ဘောမှ ဖြစ်ပါတယ်။

play


ရုရှားလေယာဉ်တင်သင်္ဘော Admiral Kuzentsov မှ တိုက်လေယာဉ်တစ်စီးဟာ ဆင်းသက်စဉ် ပြေးလမ်းချော်သွားခဲ့ပြီး ပင်လယ်ထဲမှာ ပျက်ကျသွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာ ၅ ရက်) ပြောပါတယ်။ Su-33 ရုရှားတိုက်လေယာဉ်ဟာ လေယာဉ်တင်သင်္ဘောပေါ်ကို ဆင်းသက်စဉ် လမ်းချော်မှုဖြစ်ကာ ရပ်တန့်နိုင်ခြင်း မရှိတော့ဘဲ ပင်လယ်ထဲပျက်ကျခဲ့တာ ဖြစ်ပါတယ်။

ရုရှားလေယာဉ်တင်သင်္ဘောပေါ်မှ Su-33 တိုက်လေယာဉ်


တိုက်လေယာဉ်မှူးဟာ လေယာဉ်မှ အရေးပေါ်ခုန်ထွက်နိုင်ခဲ့ပြီး ဒဏ်ရာမရခဲ့ဘူးလို့ ဆိုပါတယ်။ ယခုပျက်ကျတဲ့ Su-33 တိုက်လေယာဉ်ဟာ မြေထဲပင်လယ်အတွင်း နေရာယူထားပြီး စစ်ဆင်ရေးဆောင်ရွက်နေတဲ့ ရုရှားလေယာဉ်တင်သင်္ဘောမှ ဒုတိယမြောက် ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်လည်း ဖြစ်လာပါတယ်။

play


နိုဝင်ဘာလအတွင်းကလည်း အဆိုပါ လေယာဉ်တင်သင်္ဘောပေါ်မှ MiG-29 တိုက်လေယာဉ်တစ်စီး နည်းပညာဆိုင်ရာ ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ပြီး လေယာဉ်မှူးကတော့ လွတ်မြောက်ခဲ့ပါတယ်။ ရုရှားလေယာဉ်တင်သင်္ဘော Admiral Kuznetsov ဟာ ဆီးရီးယားမှာ ပြုလုပ်နေတဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
Source & Photo: Reuters, RT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ