International News: မင်္ဂလာပွဲမှာ ကပြနေတဲ့ကိုယ်ဝန်ဆောင် သေနတ်နဲ့ပစ်သတ်ခံရ

သေနတ်ကို လေထဲပစ်ဖောက်ခဲ့တာသာဖြစ်တယ်လို့ ထွက်ဆိုပေမဲ့ ရဲက ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

play

 

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်က မင်္ဂလာပွဲတစ်ခုမှာ ကပြဖျော်ဖြေတဲ့ ကိုယ်ဝန်သည်တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရမှု စနေနေ့ညက ဖြစ်ပွားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် အကမယ်လေး Kulvinder Kaur ဟာ စင်ပေါ်မှာ ကပြနေစဉ် အရက်မူးနေတဲ့ ဧည့်သည်တစ်ဦးက တွဲကဖို့ ပြောခဲ့တာကို ငြင်းဆန်ခဲ့တဲ့အတွက် သေနတ်နဲ့ပစ်ခံလိုက်ရတာပါ။

Kaur ရဲ့ကိုယ်ဝန်က နှစ်လ ရှိနေပါပြီ။ စင်အောက်ပေါ်ထိတက်ပြီး တွဲကဖို့ပြောခဲ့သူရဲ့ အမျိုးသားသူငယ်ချင်းတစ်ဦးက သူမကိုသေနတ်နဲ့ပစ်ခဲ့ရာမှာ ဦးခေါင်းကိုထိမှန်သွားခဲ့ပါတယ်။ ဆေးရုံကိုပို့ဆောင်ခဲ့ပေမဲ့ ဦးခေါင်းကိုထိသွားတာဖြစ်လို့ အသက်မရှင်နိုင်ခဲ့ပါဘူး။ သူကတော့ မင်္ဂလာပွဲမှာ သေနတ်ကို လေထဲပစ်ဖောက်ခဲ့တာသာဖြစ်တယ်လို့ ထွက်ဆိုပေမဲ့ ယင်းအမျိုးသားအပါအ၀င် လူ ၆ ဦးကို ရဲက ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : NDTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ