play
ပြင်သစ်ဝန်ကြီးချုပ် မန်နျူရယ်ဗောလ်


ပြင်သစ်ဝန်ကြီးချုပ် မန်နျူရယ်ဗောလ်က လာမယ့်သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ဒီဇင်ဘာ ၅ ရက်က ပြောကြားလိုက်ပါတယ်။ မန်နျူရယ်ဗောလ်က ပြင်သစ်တောင်ပိုင်း ခရီးစဉ်အတွင်း ၎င်းအားထောက်ခံသူတွေကို မိန့်ခွန်းပြောကြားစဉ် သမ္မတရွေးကောက်ပွဲဝင်မယ့်အကြောင်း ကြေညာခဲ့ပြီး လက်ဝဲအုပ်စုအနေနဲ့ စည်းလုံးညီညွတ်စေလိုကြောင်း ပြောပါတယ်။

play
ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရန် ရေပန်းစားနေသည့် ဖရန်ဆွာ ဖီလွန်


လက်ရှိ ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်းကတော့ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ကြောင်း အစောပိုင်းရက်က ကြေညာထားပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလနဲ့ မေလမှာ နှစ်ကျော့ပြုလုပ်မယ့် ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ ဗဟိုလက်ယာအုပ်စု လက်စ်ရီပတ်ဘလစ်ကင်ပါတီမှ ဖရန်ဆွာ ဖီလွန်က လူကြိုက်များနေပြီး ရွေးကောက်ပွဲအနိုင်ရရန် ရေပန်းစားနေပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video