International News: ဝန်ကြီးချုပ်အဘေးက ပုလဲဆိပ်ကမ်းကိုသွားရောက်တဲ့ ပထမဆုံး ဂျပန်ခေါင်းဆောင် ဖြစ်လာမည်

ဂျပန်ဝန်ကြီးချုပ်အဘေးဟာ အမေရိကန်ရွေးကောက်ခံသမ္မတ ထရန့်နဲ့ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

play


ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံက အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ပုလဲဆိပ်ကမ်းနေရာကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး သွားရောက်မယ်လို့ ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ ဝန်ကြီးချုပ်အဘေးဟာ ဂျပန်က အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်း ဟာဝိုင်ယီရှိ အမေရိကန်ရေတပ်ရဲ့ ပုလဲဆိပ်ကမ်းကို ပထမဆုံး သွားရောက်တဲ့ ဂျပန်ခေါင်းဆောင်လည်း ဖြစ်လာပါတယ်။

play
ပုလဲဆိပ်ကမ်းကို ဂျပန်လေတပ်က အလစ်အငိုက် တိုက်ခိုက်မှုအတွင်း အမေရိကန် စစ်သင်္ဘော USS Arizona မီးလောင်ပျက်စီးခဲ့စဉ်


ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှု ၇၅ နှစ်ပြည့်ရက် နှစ်ရက်အလို ဒီဇင်ဘာ ၅ ရက်မှာ ဂျပန်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်သတင်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှာ ဂျပန်က အမေရိကန်ရေတပ် အခြေစိုက်စခန်းတည်ရှိရာ ပုလဲဆိပ်ကမ်းကို အလစ်အငိုက် လေကြောင်းမှတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပုလဲဆိပ်ကမ်း အလစ်တိုက်ခံရမှုအတွင်း အမေရိကန်စစ်သားနဲ့ စစ်ဘက်ဆိုင်ရာ အမှုထမ်း ၂,၃၀၀ ခန့် သေဆုံးခဲ့ပါတယ်။

play


ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က ဂျပန်ကို အဏုမြူဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်ဟာလည်း ၁၉၄၅ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရဲ့ ပုလဲဆိပ်ကမ်းခရီးစဉ်ဟာ အိုဘားမားအလွန် ဒေါ်နယ်ထရန့်လက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေး အသစ်တည်ဆောက်ရန် ဂျပန်ရဲ့ ပြင်ဆင်မှုတစ်ခုအဖြစ်လည်း သုံးသပ်ကြပါတယ်။

play
ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှု


ဂျပန်ဝန်ကြီးချုပ်အဘေးဟာ အမေရိကန်ရွေးကောက်ခံသမ္မတ ထရန့်နဲ့ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်လည်းဖြစ်ပြီး နယူးယော့ခ်မြို့မှာ နိုဝင်ဘာ ၁၈ ရက်က ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ် အဘေးက ဒီဇင်ဘာ ၂၆ ရက်မှ ၂၇ ရက် ခရီးစဉ်အတွင်း ပုလဲဆိပ်ကမ်းကို လက်ရှိ အမေရိကန်သမ္မတ အိုဘားမားနဲ့အတူ သွားရောက်မှာ ဖြစ်ပါတယ်။ အိုဘားမားကလည်း ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်က အဏုမြူဗုံး ကြဲချခဲ့တဲ့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ယခုနှစ်မေလက သွားရောက်ခဲ့ပါတယ်။
Source & Photo: Reters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ