International News: အိန္ဒိယနိုင်ငံမှ သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး နိုင်ငံရေးခေါင်းဆောင် ကွယ်လွန်

, updated

ဂျာယာလာလီသာ ကွယ်လွန်မှုဟာ အိန္ဒိယနိုင်ငံရေးအတွက် ကြီးမားတဲ့ ကွက်လပ်ဖြစ်စေခဲ့ကြောင်း ဝန်ကြီးချုပ်မိုဒီက ၎င်းရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။

play


အိန္ဒိယနိုင်ငံမှာ သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး နိုင်ငံရေးခေါင်ဆောင်တစ်ဦးဖြစ်တဲ့ ဂျာယာလာလီသာ ဂျေယာရာမန်း ကွယ်လွန်သွားကြောင်း သိရပါတယ်။ ထင်ရှားတဲ့ အိန္ဒိယနိုင်ငံရေးခေါင်းဆောင် ဂျာယာလာလီသာဟာ နှလုံးရောဂါဖြင့် ယမန်နေ့ (ဒီဇင်ဘာ ၅ ရက် ) ဒေသစံတော်ချိန် ည ၁၁း၃၀ ကွယ်လွန်ခဲ့ကြောင်း ချင်နိုင်းပြည်နယ် အပိုလိုဆေးရုံက သတင်းထုတ်ပြန်ပါတယ်။

play


နှလုံးရောဂါကြောင့် ဆေးရုံတင်ထားခဲ့ရတဲ့ ဂျာယာလာလီသာ နေပြန်ကောင်းဖို့ ထောင်နဲ့ချီတဲ့ အိန္ဒိယပြည်သူတွေ စုရုံးပြီး ဆုတောင်းခဲ့ကြပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျာယာလာလီသာဟာ အိန္ဒိယတောင်ပိုင်း တမီလ်နာဒူပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၄ ကြိမ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

 

ဂျာယာလာလီသာ ကွယ်လွန်မှုဟာ အိန္ဒိယနိုင်ငံရေးမှာ ကြီးမားတဲ့ ကွက်လပ်ဖြစ်စေတယ်လို့ ဝန်ကြီးချုပ်မိုဒီက ၎င်းရဲ့တွစ်တာမှာ ရေးသားပြီး ဝမ်းနည်းကြောင်း ပြောပါတယ်။ ရုပ်ရှင်မင်းသမီးဟောင်းလည်းဖြစ်တဲ့ ဂျာယာလာလီသာဟာ နှလုံးရောဂါကြောင့် စက်တင်ဘာ ၂၂ ရက်ကတည်းက ကုသမှုခံယူနေခဲ့ရတာ ဖြစ်ပါတယ်။

play


သူမကို အိန္ဒိယပြည်သူတွေက ချစ်ခင်လေးစားကြပြီး 'အမေ' လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဂျာယာလာလီသာ ကွယ်လွန်မှုကြောင့် သူမကို ချစ်ခင်ကြတဲ့ ထောက်ခံသူတွေကို ထိန်းမနိုင်ဖြစ်မှာ စိုးရိမ်ခဲ့ပြီး တမီလ်နာဒူပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်များ ပိုမိုချထားကြောင်းလည်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ