International News: ငွေဖောင်းပွမှုဖြစ်နေတဲ့ ဗင်နီဇွဲလားမှာ ဘိုလီဗာနှစ်သောင်းတန် ငွေစက္ကူအသစ်ထုတ်

ပြည်သူတွေ ဈေးဝယ်တဲ့အခါ ငွေစက္ကူအထပ်လိုက် သယ်ဆောင်သုံးစွဲနေရမှုကို လျော့နည်းစေရန် ရည်ရွယ်ပြီး တန်းဖိုးကြီး ငွေစက္ကူအသစ် ထုတ်လိုက်တာဖြစ်ကြောင်း ဗဟိုဘဏ်က ပြောပါတယ်။

play


ငွေကြေးဖောင်းပွမှု ကြုံတွေ့နေရတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ဘိုလီဗာငွေ ၂၀,၀၀၀ တန် ငွေစက္ကူအသစ်ထုတ်သွားမယ်လို့ ဆိုပါတယ်။ ငွေဖောင်းပွမှုနဲ့ စီးပွားရေးကျပ်တည်းမှုတွေ ဖြစ်နေတဲ့ ဗင်နီဇွဲလားပြည်သူတွေ ဈေးဝယ်တဲ့အခါ ငွေစက္ကူအထပ်လိုက် သယ်ဆောင်သုံးစွဲနေရမှုကို လျော့နည်းစေရန် ရည်ရွယ်ပြီး တန်းဖိုးကြီး ငွေစက္ကူအသစ် ထုတ်လိုက်တာဖြစ်ကြောင်း ဗဟိုဘဏ်က ပြောပါတယ်။

play


လက်ရှိ ဗင်နီဇွဲလားမှာ လည်ပတ်သုံးစွဲမှု အများဆုံး ငွေစက္ကူအမျိုးအစားမှာ ဘိုလီဗာ ၁၀၀ တန် ဖြစ်တယ်လို့ ဆိုပါတယ်။ ဗင်နီဇွဲလား ဗဟိုဘဏ်က ငွေစက္ကူအသစ်များ ထုတ်သွားမယ့်အကြောင်းကို တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၄ ရက်) သတင်းထုတ်ပြန်ခဲ့ပြီး ဘိုလီဗာ ၅၀၀ မှ ၂၀,၀၀၀ ကြား တန်ဖိုးရှိတဲ ငွေစက္ကူအသစ်များ ပါဝင်မှာ ဖြစ်ပါတယ်။ ငွေစက္ကူအသစ်တွေကို ဒီဇင်ဘာ ၁၅ ရက်မှာ ဘဏ်များမှာ စတင်ထုတ်ယူနိုင်မယ်လို့ သိရပါတယ်။

play


လတ်တလော ငွေကြေးဈေးကွက်အရ ဗင်နီဇွဲလားငွေ ဘိုလီဗာ ၂၀,၀၀၀ ဟာ အမေရိကန်ဒေါ်လာ ၅ ဒေါ်လာနဲ့ ညီမျှပါတယ်။ ဗင်နီဇွဲလား ဗဟိုဘဏ်က ထုတ်ပြန်မှုအရ ငွေစက္ကူအသေးတွေကိုလည်း အကြွေစေ့များအဖြစ် ပြောင်းလဲသွားမယ်လို့ သိရပါတယ်။ ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းသွားမှုကြောင့် ဗင်နီဇွဲလားမှာ ဒေါ်လာငွေပြတ်လပ်မှုနဲ့အတူ စီးပွားရေးကျပ်တည်းမှုများ ဆိုးရွားစွာ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
Source & Photo: AFP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ