International News: အလက်ပိုမှာ အပစ်အခတ်ရပ်စဲရေး ကုလဆုံးဖြတ်ချက် တရုတ်နဲ့ရုရှား ဗီတိုအာဏာဖြင့် ပယ်ချ

ဆုံးဖြတ်ချက်မူကြမ်းဟာ လုံခြုံရေးကောင်စီ စည်မျဉ်းသတ်မှတ်ချက်နဲ့ မကိုက်ညီကြောင်း ရုရှားက ပြောပါတယ်။

play


တိုက်ပွဲများဖြစ်ပွားနေတဲ့ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှာ ခုနစ်ရက်ကြာ အပစ်အခတ်ရပ်စဲရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နဲ့ ရုရှားနိုင်ငံတို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ကြောင်း သိရပါတယ်။ ဆုံးဖြတ်ချက်မူကြမ်းဟာ လုံခြုံရေးကောင်စီ စည်မျဉ်းသတ်မှတ်ချက်ဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေကို စဉ်းစားခွင့်အတွက် ၂၄ နာရီအချိန်ပေးရမယ့်အချက်နဲ့ မကိုက်ညီကြောင်း ရုရှားက ပြောပါတယ်။

တိုက်ပွဲများဖြစ်ပွားနေတဲ့ အလက်ပိုမြို့


ရုရှားရဲ့ပြောကြားမှုဟာ တမင်ဖန်တီးထားတဲ့ အကြောင်းပြချက်သာဖြစ်ပြီး ဆီးရီးယားအစိုးရတပ်ဖွဲ့က အလက်ပိုမှာ စစ်ရေးအသာရနေမှုကို ထိန်းထားလိုခြင်းဖြစ်ကြောင်း အမေရိကန်က ဝေဖန်လိုက်ပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းကို အီဂျစ်၊ နယူးဇီလန်နဲ့ စပိန်နိုင်ငံတို့က ပူးပေါင်းတင်ပြခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီဇင်ဘာ ၅ ရက်က မဲခွဲရာမှာ အဖွဲ့ဝင် ၁၁ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ဗင်နီဇွဲလားက ကန့်ကွက်မဲပေးခဲ့ပြီးနောက် တရုတ်နဲ့ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

play


သတင်းများအရ ဆီးရီးယားစစ်တပ်က အလက်ပိုမြို့အရှေ့ပိုင်းရှိ သူပုန်များထိန်းချုပ်ရာ နေရာဒေသအများစုကို ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။ ဆီးရီးယားစစ်တပ်က အလက်ပိုအရှေ့ပိုင်းရှိ သူပုန်များထိန်းချုပ်ရာ ဒေသတွေကို တစ်ပတ်အတွင်း ၇၀ ရာခိုင်နှုန်းအထိ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းများက ဖော်ပြပါတယ်။

play


သူပုန်များလက်အောက်မှာ ရှိနေဆဲ အလက်ပိုအရှေ့ပိုင်း ဒေသတွေမှာ အရပ်သား ၁၀၀,၀၀၀ ကျော် ပိတ်မိနေပြီး အဆိုပါဒေသတွေမှာ အစားအစာပြတ်လပ်မှုနဲ့ ဆေးဝါးကုသနိုင်မှုမရှိ ဖြစ်နေကြောင်းလည်း သိရပါတယ်။
Source & Photo: BBC, AP, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ