International News: ကလေးတွေကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုဖြင့် စွဲချက်တင်ခံရတဲ့ အသက် ၁၀၁ နှစ် အဘိုးအို

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုပေါင်း ၃၀ ကျူးလွန်ခဲ့မှုဖြင့် စွဲချက်တင်စစ်ဆေးနေပါတယ်။

play


ဗြိတိန်မှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုဖြင့် ရုံးတင်စစ်ဆေးခံရတဲ့ အဘိုးအိုဟာ နိုင်ငံရဲ့ တရားစီရင်ရေးသမိုင်းမှာ အသက်အကြီးဆုံး တရားခံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အသက် ၁၀၁ နှစ်အရွယ် ရက်ဖ်ကလက်ခ်အမည်ရှိ အဘိုးအိုဟာ ကလေးငယ်သုံးဦးကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုဖြင့် စွဲချက်တင်ခံထားရပါတယ်။

play


၎င်းဟာ ၁၉၇၄ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း အသက်အငယ်ဆုံး ၇ နှစ်အရွယ်တစ်ဦး အပါအဝင် မိန်းကလေး ၂ ဦးနဲ့ ယောက်ျားလေးတစ်ဦးတို့ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုခဲ့ကြောင်း စွဲချက်တင်ခံထားရပါတယ်။ ကလက်ဖ်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုပေါင်း ၃၀ ကျူးလွန်ခဲ့မှုဖြင့် စွဲချက်တင်စစ်ဆေးနေပြီး ၎င်းက အဆိုပါ စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။

လော်ရီကာားမောင်းသူအဖြစ် အလုပ်လုပ်ကိုင်ခဲ့တဲ့ ကလက်ခ်ဟာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှု ၁၇ မှုနဲ့ ကလေးသုံးဦးကို လိင်ပိုင်ဆိုင်ရာ မဖွယ်မရာပြုမှု ၁၂ မှုတို့ဖြင့် စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။ တရားရုံးက ကလက်ဖ်ရဲ့အမှုကို စစ်ဆေးရာမှာ အသက်အရွယ်ကြောင့် တစ်နေ့လျှင် အများဆုံး ၄ နာရီကြာမျှသာ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ကလက်ဖ်ရဲ့အမှုကို ဒီဇင်ဘာ ၅ ရက်မှာ တရားရုံးက စတင် စစ်ဆေးကြားနာခဲ့ပြီး သီတင်းနှစ်ပတ်ကြာမြင့်မယ်လို့ သိရပါတယ်။
Source & Photo: The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ