International News: တောင်ကိုရီးယား ထိပ်တန်း စီးပွားရေးလုပ်ငန်းကြီးများ လွှတ်တော်မှာ မေးမြန်းခံရ

ဆမ်ဆောင်၊ ဟွန်ဒိုင်းနဲ့ အခြား လုပ်ငန်းကြီးဟာ သမ္မတပတ်ဂွန်ဟေးနဲ့ ဆက်နွှယ်မှုရှိတဲ့ ဖောင်ဒေးရှင်းတွေအတွက် ငွေကြေးထောက်ပံ့ပေးအပ်ခဲ့ပြီး သမ္မတရဲ့ အရေးပေးမှုရအောင် ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

play
လွှတ်တော်ရဲ့ မေးမြန်းကြာနာမှုအတွင်း တွေ့ရသည့် အက်စ်ကေ၊ ဆမ်ဆောင်းနဲ့ လော့တီ ကုမ္ပဏီအကြီးအကဲများ (ဝဲမှယာသို့)


တောင်ကိုရီးယားလွှတ်တော်က နိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းတွေကို လက်ရှိဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှု အရှုပ်အထွေးနဲ့ ပတ်သက်ပြီး မေးမြန်းကြားနာမှု ပြုလုပ်ကြောင်း သိရပါတယ်။ ဆမ်ဆောင်၊ ဟွန်ဒိုင်းနဲ့ အခြား လုပ်ငန်းကြီး  ၆ ခုဟာ သန်းနဲ့ချီတဲ့ ဒေါ်လာငွေတွေကို သမ္မတပတ်ဂွန်ဟေးနဲ့ ဆက်နွှယ်မှုရှိတဲ့ ဖောင်ဒေးရှင်းတွေအတွက် ထောက်ပံ့ပေးအပ်ခဲ့ပြီး သမ္မတရဲ့ အရေးပေးမှုရအောင် ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

play
ဆမ်ဆောင်း ဒုတိယဥက္ကဋ္ဌ လီဂျေယောင်း


စီးပွားရေးလုပ်ငန်းများမှ အကြီးအကဲတွေကတော့ အဆိုပါ စွပ်စွဲချက်ကို မဟုတ်မှန်ကြောင်း လွှတ်တော်မှာ ငြင်းဆိုခဲ့ပါတယ်။ တောင်ကိုရီးယားမှာ ဖြစ်ပေါ်နေတဲ့ အကျင့်ပျက်ခြစားမှု နိုင်ငံရေးအရှုပ်အထွေးကြောင့် သမ္မတပတ်ဂွန်ဟေးဟာလည်း လွှတ်တော်မှာစွဲချက်တင်ခံရပြီး ရာထူးမှဖယ်ရှားခံရနိုင်တဲ့ အလားအလာရှိနေပါတယ်။

play
လွှတ်တော်အဆောက်အအုံ အပြင်ဘက်တွင် စီးပွားရေးလုပ်ငန်ကြီးများကို ဆန္ဒပြကြစဉ်


သန်းနဲ့ချီတဲ့ တောင်ကိုရီးယားပြည်သူတွေကလည်း ပတ်ဂွန်ဟေးကို သမ္မတရာထူးမှ နုတ်ထွက်ရန် ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။ တောင်ကိုရီးယား ထိပ်တန်းစီးပွားရေးလုပ်ငန်းများမှ အကြီးအကဲတွေကို လွှတ်တော်ကော်မတီတစ်ရပ်က မေးမြန်းကြားနာခဲ့တာ ဖြစ်ပါတယ်။ ကော်မတီအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြစ်ဒဏ်ပေးရန် အခွင့်အာဏာမရှိပေမဲ့ ယခုကြားနာမှုဟာ တောင်ပန်းရန်အတွက် ဖြစ်လာမယ်လို့ ဆိုပါတယ်။

play
သမ္မတပတ်ဂွန်ဟေးကို ဆန္ဒပြကြသည့် တောင်ကိုရီးယားပြည်သူများ


ကြားနာမှုပြုလုပ်စဉ် စီးပွားရေးလုပ်ငန်ကြီးတွေကို ပြည်သူတွေက လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပါတယ်။ တောင်ကိုရီးယား ထိပ်တန်းစီးပွားရေးလုပ်ငန်းတွေက သမ္မတပတ်ဂွန်ဟေးရဲ့ သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ် စီမံခန့်ခွဲတဲ့ ဖောင်ဒေးရှင်တွေကို များပြားတဲ့ လှူဒါန်းမှုတွေ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ သမ္မတရဲ့သူငယ်ချင်း ချိုဆွန်ဆေးလ်ကိုလည်း အကျပ်ကိုင်မှုနဲ့ လိမ်လည်ရန်ကြံစည်မှုတို့ဖြင့် စွဲချက်တင်ထားပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ