International News: ထိုင်းတောင်ပိုင်းမှာ ရေကြီးမှုကြောင့် ၁၄ ဦး သေဆုံး

လေဖိအားနည်းရပ်ဝန်းကြောင့် ထိုင်းပင်လယ်ကွေ့ရှိ ကျွန်းများအပါအဝင် တောင်ပိုင်းဒေသ နေရာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။

play

 

ထိုင်းနိုင်ငံမှာ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ကြောင်းနဲ့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှုများတဲ့ တောင်ပိုင်းဒေသရှိ ကျွန်းများမှာ ရေလွှမ်းမိုးမှု ဆိုးရွားစွာ ဖြစ်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဒီဇင်ဘာမှ ဇန်နဝါရီလအတွင်း ခရီးသွားများ လာရောက်မှုများပြားတဲ့ ထိုင်းတောင်ပိုင်း ကျွန်းတွေမှာ ရေကြီးမှု ဆိုးရွားစွာဖြစ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ယနေ့ (ဒီဇင်ဘာ ၆ ရက်) သတင်းထုတ်ပြန်ပါတယ်။

play


လေဖိအားနည်းရပ်ဝန်းကြောင့် ထိုင်းပင်လယ်ကွေ့ရှိ Samui နဲ့ Pha Ngan ကျွန်းအပါအဝင် တောင်ပိုင်းဒေသ နေရာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ထိုင်းတောင်ပိုင်းနဲ့ မလေးရှားကို ဆက်သွယ်ထားတဲ့ ရထားလမ်းလည်း ရေလွှမ်းမိုးခဲ့ပါတယ်။

play


ထိုင်းတောင်ပိုင်းမှာ မိုးသည်ထန် ရေကြီးမှုအတွင်း မတော်တဆမှုတွေကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် သတိပေးဌာနက ပြောပါတယ်။ ထိုင်းတောင်ပိုင်းရှိ အပန်းဖြေကျွန်းများကို ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားလေ့ရှိပြီး ယခုနှစ်မှာ ခရီးသည် ၃၂.၄ သန်း လာရာက်မယ်လို့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ခန့်မှန်ထားကြောင်း သိရပါတယ်။
Source & Photo: Reuters, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ