International News: ရွှေဆိုင်ရှေ့တွင် ငေးနေသည့် အဘိုးအိုကိုသနားပြီး ကမ္ဘာတစ်လွှားမှ လက်ဆောင်များ ပို့ပေးကြ

သူ့ရဲ့ဓာတ်ပုံဟာ လူမှုကွန်ရက်မှာ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။

play

 

စိန်ရွှေရတနာ ရောင်းချတဲ့ ဆိုင်တစ်ဆိုင်အရှေ့မှာ ရတနာပစ္စည်းတွေကို ငေးကြည့်နေတဲ့ သန့်ရှင်းရေးလုပ်သားတစ်ဦးရဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် အဆိုပါ အမျိုးသားဟာ ကမ္ဘာတစ်လွှားကပို့လိုက်ကြတဲ့ လက်ဆောင်တွေ လက်ခံရရှိနေကြောင်း သိရပါတယ်။

play

 

အသက် ၆၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အဆိုပါ။ အဘိုးအိုရဲ့ ဓာတ်ပုံကို ပထမဆုံးဦးဆုံး အင်စတာဂရမ် အသုံးပြုသူတစ်ဦးက သူ့ရဲ့အကောင့်မှာ ဝေမျှခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆော်ဒီအာရေဗျ ဘာသာစကားနဲ့  လူသားချင်းနွေးထွေးကူညီမှု ဆိုင်ရာ လို့ အဓိပ္ပာယ်ရတဲ့ တွစ်တာစာမျက်နှာတစ်ခုက ဒီအမျိုးသားရဲ့ ဓာတ်ပုံကို မျှဝေသွားပြီးနောက် သူဘယ်မှာ အလုပ်လုပ်သလဲဆိုတာကို သိရဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။

play

 

ဓာတ်ပုံထဲမှာ မြင်နေရတဲ့ မှန်ထဲကတစ်ဆင့် ဆော်ဒီအာရေဗျနိုင်ငံရဲ့မြို့တော် ရီရက်က ဘယ်နေရာမှာလဲဆိုတာ သိရှိသွားကြပြီး အဆိုပါ အဘိုးအိုထံကို အမှတ်တရလက်ဆောင်တွေပေးပို့ခဲ့ကြတာဖြစ်ပါတယ်။ သန့်ရှင်းရေးသမား အဘိုးအိုရဲ့ ဖြစ်ရပ်နာမည်ကြီးလာပြီးနောက် CNN သတင်းဌာနကပါ ခေါ်ယူတွေ့ဆုံပြီး အင်တာဗျူး လုပ်ခဲ့ပါတယ်။

play

 

အဒူလ်ကာရင်လို့ အမည်ရတဲ့ အဆိုပါ အမျိုးသားကို လက်ဆောင်တွေပေးကြတဲ့အထဲမှာ လက်ဝတ်လက်စားတွေလည်း ပါသလို ပိုက်ဆံတွေလည်း ပါတယ်လို့ ဆိုပါတယ်။

ှSource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ