International News: သတို့သားမသိအောင် မင်္ဂလာပွဲ ရဟတ်ယာဉ်နှင့် လာသည့်သတို့သမီး ရဟတ်ယာဉ်ပျက်ကျ

မင်္ဂလာပွဲကိုလာစဉ် လမ်းမှာ ရဟတ်ယာဉ်ပျက်ကျသွားတာပါ။

play

 

ခင်ပွန်းလောင်းသတို့သားကို အံ့အားသင့်သွားအောင် လုပ်ပြချင်ခဲ့တဲ့ သတို့သမီးတစ်ဦးဟာ မင်္ဂလာပွဲ ကျင်းပမယ့်နေ့မှာပဲ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

သူမရဲ့ သတို့သားနဲ့ အခြားသူတွေ အံ့အားသင့်သွားအောင်လို့ မင်္ဂလာဆောင်ဧည့်ခံပွဲကို ရဟတ်ယာဉ်နဲ့ လာဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့မင်္ဂလာပွဲကို ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့အနီးက ကျေးရွာလေးတစ်ခုမှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်္ဂလာပွဲ ကျင်းပမယ့်နေရာကိုအသွား လမ်းခုလတ်မှာ ရဟတ်ယာဉ်ဟာ ရာသီဥတုဆိုးရွားပြီး တိမ်ထူတာကို ကြုံခဲ့ရတယ်လို့ဆိုပါတယ်။

play

 

အသက် ၃၂ နှစ်အရွယ်ရှိ နက်စီမန်တိုဆေးလ်ဗားနဲ့အတူ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သူ့ရဲ့အစ်ကို၊ ရဟတ်ယာဉ်မှူးနဲ့ ဓာတ်ပုံဆရာတို့ဟာ သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။ ဓာတ်ပုံဆရာဆိုရင် သေဆုံးသွားချိန်မှာ ကိုယ်ဝန်ခြောက်လရှိပြီလို့ ဆိုပါတယ်။

play
ရဟတ်ယာဉ်ပျက်ကျခဲ့သည့် မြင်ကွင်း

 

အခုတော့ ရဲတပ်ဖွဲ့က ရဟတ်ယာဉ်ဘာကြောင့် ပျက်ကျသလဲဆိုတာကို စုံစမ်းနေပြီလို့ ဆိုပါတယ်။ မိုးတွေရွာနေတဲ့ အချိန်မှာ တိမ်တွေထူနေတာကြောင့် ရဟတ်ယာဉ်ဟာ သစ်ပင်ကို ဝင်တိုက်ပြီး ပျက်ကျခဲ့တာဖြစ်နိုင်ကြောင်း လောလောဆယ် စုံစမ်းရေးမှူးတွေက ခန့်မှန်းထားပါတယ်။ သတို့သားဖြစ်သူကို အံ့အားသင့်အောင်လုပ်ပြီး ရဟတ်ယာဉ်နဲ့ လာချင်ခဲ့တဲ့ သတို့သမီးဟာ အဖြစ်ဆိုးကြုံပြီး မင်္ဂလာပွဲဆီကို ရောက်မလာနိုင်ဖြစ်သွားခဲ့ရပါတယ်။

Source : Daily Mail

Helicopter crash kills bride and three other
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ