AD
AD
AD
play
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး


တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက ပါတီရဲ့အဆိုပြုချက်ကို လက်ခံပြီး ၂၀၁၇ ခုနှစ် ဧပြီလမှာ သမ္မတရာထူးမှ နုတ်ထွက်ရန် သဘောတူညီခဲ့ကြောင်း ဆေနူရီပါတီ တာဝန်ရှိပုဂ္ဂိုလ် ချောင်ဂျင်ဆွတ်က ပြောပါတယ်။

ပတ်ဂွန်ဟေးက ယခုသီတင်းပတ်အတွင်း ပြုလုပ်သွားမယ့် သူမနဲ့ပတ်သက်ပြီးလွှတ်တော်မဲခွဲဆုံးဖြတ်မှု ရလဒ်ကိုလည်း လက်ခံသွားမှာဖြစ်ပေမဲ့ အတိုက်အခံပါတီတွေက တောင်းဆိုတဲ့ အစီအစဉ်အတိုင်း သမ္မတရာထူးမှ နုတ်ထွက်မှာမဟုတ်ကြောင်း ဆေနူရီပါတီ တာဝန်ရှိသူ ဆိုပါတယ်။

play
သမ္မတပတ်ဂွန်ဟေးကို တောင်ကိုရီးယား ပြည်သူများက ဆန္ဒပြမှု


သမ္မတပတ်ဂွန်ဟေးနဲ့ ပါတီထိပ်တန်းခေါင်းဆောင်များ ယနေ့ (ဒီဇင်ဘာ ၆ ရက်) တွေ့ဆုံဆွေးနွေးပြီးနောက် ပါတီတာဝန်ရှိသူရဲ့ ထုတ်ပြန်ပြောကြားမှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ သမ္မတပတ်ဂွန်ဟေးဟာ သူငယ်ချင်းဖြစ်သူကို နိုင်ငံရေးကိစ္စတွေမှာ ပါဝင်စွက်ဖက်ခွင့်ပြုခဲ့ပြီး တောင်ကိုရီးယားမှာ လက်ရှိပေါ်ပေါက်နေတဲ့ အကျင့်ပျက်ခြစားမှု အရှုပ်အထွေးနဲ့ ပတ်သက်နေမှုကြောင့် ရာထူးမှနုတ်ထွက်ရန် သန်းနဲ့ချီတဲ့ ပြည်သူတွေက ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD