International News: ကလေးတွေကို စိတ်ဝင်စားတဲ့ လိင်စိတ်မူမမှန်သူ ခင်ပွန်းအား ရဲလက်အပ်ခဲ့တဲ့ ဇနီး

သစ္စာဖောက်တာသာ ခံလိုက်ချင်တယ်လို့ သူမက ဆိုပါတယ်။

play

 

လက်ထပ်ပြီးစ ခင်ပွန်းဟာ ဖောက်ပြန်နေတယ်လို့ ခံစားရတဲ့ဇနီးသည်ဟာ သူမထင်ထားတာထက် ဆိုးရွားတဲ့အဖြစ်အပျက်ကို မြင်တွေ့လိုက်ရပါတယ်။

ကလေးငယ်တွေရဲ့မဖွယ်မရာဓာတ်ပုံတွေကို ခင်ပွန်းရဲ့ဖုန်းထဲမှာ မြင်တွေ့လိုက်ရတဲ့ အသက် ၄၇ နှစ်အရွယ် ဂျိန်းဂက်စ်ကင်ဟာ သူမရဲ့ခင်ပွန်း ဒေးဗစ်ဟက်ဂင်ဟာ သစ္စာမဲ့တဲ့သူသာ ဖြစ်နေရင် ကောင်းမယ်လို့ စိတ်ပျက်စွာ တွေးမိပါတယ်။

play

 

ခင်ပွန်းသည်ကို ရွံရှာသွားပေမဲ့ ဂျိန်းမှာ ထိုလူကို အိမ်ပေါ်က နှင်မချနိုင်သလို ရဲကိုလည်း ဖုန်းမဆက်နိုင်ဘဲ ဆက်ပေါင်းနေရပါတယ်။ အကြောင်းကတော့ သူမစုဆောင်းထားတဲ့ ငွေအားလုံးကို မင်္ဂလာဆောင်အတွက် သုံးလိုက်ရတဲ့အတွက် ကွာရှင်းဖို့အတွက် ကုန်ကျရမယ့် စရိတ်ကို မတတ်နိုင်တော့လို့ပါ။

အင်္ဂလန်နိုင်ငံ၊ ဘရင်မင်ဂမ်မြို့မှာ နေထိုင်တဲ့ ဂျိန်းဟာ သူမရဲ့ခင်ပွန်းက လူလိမ် လိင်စိတ်မူမမှန်သူဖြစ်တယ်ဆိုတာကို မိဘနဲ့ သူငယ်ချင်းတွေကို ပြောပြခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူမဟာ ခင်ပွန်းကို ရဲလက်အပ်နိုင်ခဲ့ပြီး ယင်းလုပ်ရပ်အတွက် လုံးဝ နောင်တမရဘူးလို့ ဆိုပါတယ်။ အခုတော့ သူမလို ဖြစ်ရပ်မျိုး ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေကို အားပေးဖို့အတွက် ဒီဖြစ်ရပ်ကို လူသိရှင်ကြားထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။

play

 

"ကျွန်မ ဘယ်လိုမှ နားမလည်နိုင်ဖြစ်ခဲ့ရတယ်။ သူက အတူနေဖို့ စိတ်မဝင်စားတော့ဘဲ သူ့ဖုန်းကို အမြဲတမ်း ဝှက်ထားတတ်တဲ့အတွက် သူ့မှာ တခြားမိန်းမတစ်ယောက် ရှိနေပြီလို့ သံသယဖြစ်ခဲ့တာ။ သူ့ဖုန်းကို စစ်လိုက်ချိန်မှာတော့ ထင်ထားတာထက် အများကြီးဆိုးရွားတဲ့ အဖြစ်ကို ကျွန်မ မြင်လိုက်ရတယ်" လို့ သူမက ပြောပြခဲ့ပါတယ်။

ဂျိန်းဟာ ခင်ပွန်းသည် လော်ရီကားမောင်းသမား ဒေးဗစ်ကို လက်ထပ်ပြီး ၁၀ ပတ်အကြာမှာ ရဲလက်အပ်ခဲ့တာဖြစ်ပြီး သူကလည်း နောက်ပိုင်းမှာ ကလေးငယ်တွေရဲ့ မဖွယ်မရာပုံတွေ ဖန်တီးမိကြောင်း ဝန်ခံခဲ့တဲ့အတွက် ဆိုင်းငံ့ထောင် ၈ လနဲ့ လိင်ပြစ်မှုကျူးလွန်သူအဖြစ် ၁၀ နှစ်တာ စာရင်းဝင်စေဖို့ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ