International News: ဗုံးခွဲမယ့်သတင်းကြောင့် လော့စ်အိန်ဂျလိစ် မြေအောက်ရထားလမ်းမှာ လုံခြုံရေးတိုးမြှင့်

ဗုံးခွဲမယ့်သတင်းကို အမျိုးသားတစ်ဦးက အများပြည်သူ လုံခြုံရေးဆိုင်ရာ ဖုန်းလိုင်းသို့ ဆက်သွယ်ပြောကြားခဲ့ရာမှ အဆိုပါသတင်းကို FBI က လက်ခံရရှိခဲ့ပါတယ်။

play


အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရှိ မြေအောက်ရထား ဘူတာရုံတစ်ခုကို ဗုံးခွဲတိုက်ခိုက်မယ့် သတင်းရရှိခဲ့မှုကြောင့် ရထားလမ်းကြောင်းမှာ လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရပါတယ်။

ဗုံးခွဲမယ့်သတင်းကို အမည်မသိ အမျိုးသားတစ်ဦးက အများပြည်သူ လုံခြုံရေးဆိုင်ရာ ဖုန်းလိုင်းသို့ ဆက်သွယ်ပြောကြားခဲ့ရာမှ အဆိုပါသတင်းကို FBI အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးအဖွဲ့က လက်ခံရရှိခဲ့ကြောင်း လော့စ်အိန်ဂျိလိစ်ရှိ FBI ရုံးအကြီးအကဲက ပြောပါတယ်။

play


အကြမ်းဖက်တိုက်ခိုက်ရန် ပစ်မှတ်ထားတဲ့ မြေအောက်ရထားဘူတာရုံမှာ ယူနီဗာဆယ်စတူဒီယိုအနီးရှိ ယူနီဗာဆယ်စီးတီး ဘူတာရုံဖြစ်ကြောင်း သိရပါတယ်။ ဘူတာရုံ ဗုံးခွဲတိုက်ခိုက်မှုကို ဒီဇင်ဘာ ၆ ရက် (ယနေ့) မှာ ပြုလုပ်မှာဖြစ်ကြောင်းလည်း သတင်းပေးသူက ပြောခဲ့တယ်လို့ ဆိုပါတယ်။

play


လော့စ်အိန်ဂျလိစ် မြေအောက်ရထားလမ်းစနစ်မှာ အမြန်ရထားလမ်း ၂ ခုနဲ့ အခြား ပုံမှန်ရထားလမ်း ၄ ခု အပါအဝင် အဓိက ရထားလမ်းကြောင်း ၆ ခုရှိပြီး လမ်းကြောင်းများတစ်လျှောက် ဘူတာရုံ ၉၃ ခုရှိကြောင်း သိရပါတယ်။ ဗုံးခွဲတိုက်ခိုက်ရန် ပစ်မှတ်ထားကြောင်း သတင်းရရှိထားတဲ့ ယူနီဗာဆယ်စီးတီး ဘူတာရုံဟာ ခရီးသည်အသုံးပြုမှု အများဆုံး ဘူတာရုံတစ်ခုလည်း ဖြစ်ပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ