International News: ပူပြင်းတဲ့ရာသီမှာ ကလေးကိုကားထဲထားခဲ့သည့်ဖခင် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ချခံရ

အယူခံဝင်ခွင့်လည်း မရှိပါဘူး။

play

 

အသက် ၂ နှစ် မပြည့်သေးတဲ့ သားငယ်ကို ကားထဲမှာ အချိန်ကြာမြင့်စွာထားခဲ့တဲ့အတွက် ကလေးသေဆုံးရမှုအပေါ် ဖခင်ဖြစ်သူကို ထောင်ဒဏ်တစ်သက်ကျခံစေဖို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ဂျက်စတင်ရော့စ်ဟားရစ်ဟာ ယင်းရဲ့ ၂၂ လသားလေး ကူးပါးကို SUV ကားနောက်ခုံမှာ ခါးပတ်ပတ်ပြီး အချိန် ၇ နာရီကြာ ထားခဲ့တာပါ။

ကလေးကို နေ့ကလေးထိန်းကျောင်းမှာ သွားပို့ထားရမယ့်အစား အလုပ်ကိုတောက်လျှောက်မောင်းသွားခဲ့မိပါတယ်။ ကလေးငယ်ဟာ ပူပြင်းကားပေါ်မှာ အချိန်ကြာမြင့်စွာ နေခဲ့ရတာကြောင့် ပင်ပန်းနွမ်းနယ်မှုဒဏ်ကို မခံနိုင်ဘဲ သေဆုံးသွားတဲ့အပေါ် တရားရုံးက ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်လိုက်တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ၂၀၁၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ ကာလရှည်ရုံးတင်စစ်ဆေးပြီးနောက်မှာ အမေရိကန်ပြည်ထောင်စု ကော့ဘ်ဒေသ တရားရုံးချုပ်က ဟားရစ်ကို အယူခံဝင်ခွင့်မရှိ ထောင်ဒဏ်တစ်သက်ကျခံစေဖို့ တနင်္လာနေ့မှာ အပြီးသတ်အမိန့်ချမှတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Source : AJC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ