International News: မိုးသည်းထန်မှုကြောင့် ကမ္ဘာလှည့်ခရီးသည် တစ်ထောင်နီးပါး အိန္ဒိယကျွန်းမှာ သောင်တင်

ကျွန်းများအနီး အိန္ဒိယရေတပ်သင်္ဘောလေးစီး အသင့်ရောက်ရှိနေပေမဲ့ ပင်လယ်လှိုင်းများ ကြမ်းတမ်းနေတာကြောင့် ကမ္ဘာလှည့် ခရီးသည်တွေကို ခေါ်ဆောင်လာရန် အန္တရာယ်ရှိနိုင်ကြောင်း ပြောပါတယ်။

play


မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုနဲ့ ပင်လယ်လှိုင်းများ ကြမ်းတမ်းနေမှုကြောင့် အိန္ဒိယအရှေ့ပိုင်း ကမ်းလွန်ရှိ ကျွန်းများပေါ်မှာ ကမ္ဘာလှည့်ခရီးသည် ၁,၀၀၀ ခန့် သောင်တင်နေကြောင်း အာဏာပိုင်တွေက ယနေ့ (ဒီဇင်ဘာ ၇ ရက်) ပြောပါတယ်။ အန်ဒါမန်နဲ့ နီကိုဘားကျွန်းစုမှ တာဝန်ရှိသူတွေက ဟက်ဗ်လော့ကျွန်းမှာ သောင်တင်နေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို သွားရောက်ကယ်တင်ရန် အိန္ဒိယရေတပ်ကို အကူအညီတောင်းခံထားကြောင်း သိရပါတယ်။

play


ဟက်ဗ်လော့ကျွန်းကို သွားရောက်လည်ပတ်ခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည် ၁,၀၀၀ ခန့်ဟာ မိုးသည်းထန်စွာ ရွာသန်းနေမှုကြောင့် အဆိုပါကျွန်းမှာ တနင်္လာနေ့ (ဒီဇင်ဘာ ၅ ရက်) ကတည်းက သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။

အန်ဒါမန်၊ နီကိုဘားနဲ့ ဟက်ဗ်လော့ ကျွန်းစုဟာ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်မှုများတဲ့ နေရာများဖြစ်ပြီး သန့်ရှင်းတဲ့ကမ်းခြေ၊ ရေသတ္တဝါများနဲ့ စိမ်းလန်းတဲ့တောမြေတို့ကြောင့် ထင်ရှားပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆိုပါ ကျွန်းများအကြား ပြေးဆွဲနေတဲ့ ကူးတို့သင်္ဘောခရီးစဉ်တွေကို ရပ်ဆိုင်းထားရတာ ဖြစ်ပါတယ်။

ကျွန်းများအနီး အိန္ဒိယရေတပ်သင်္ဘောလေးစီး အသင့်ရောက်ရှိနေပေမဲ့ ပင်လယ်လှိုင်းများ ကြမ်းတမ်းနေတာကြောင့် ကမ္ဘာလှည့် ခရီးသည်တွေကို ခေါ်ဆောင်လာရန် အန္တရာယ်ရှိနိုင်ကြောင်း ပြောပါတယ်။ အိန္ဒိယမိုးလေဝသဌာနက နောက် ၂၄ နာရီအတွင်း မိုးသည်းထန်မှုနဲ့ ပင်လယ်လှိုင်းကြမ်းမှု ပိုမိုဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ