International News: အလက်ပိုမြို့ဟောင်းနေရာမှ သူပုန်များ ဆုတ်ခွာ

လက်ရှိမှာ ဆီးရီးယားစစ်တပ်က အလက်ပိုမြို့အရှေ့ပိုင်းရှိ နယ်မြေ သုံးပုံနှစ်ပုံကို သူပုန်များလက်အောက်မှ ပြန်လည် သိမ်းပိုက်နိုင်ပြီဖြစ်ကာ အလက်ပိုမြို့တစ်မြို့လုံးကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေပါတယ်။

play


ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံမှာ သူပုန်များက အလက်ပိုမြို့ရှိ ၎င်းတို့ထိန်းချုပ်ထားတဲ့ မြို့ဟောင်းနေရာမှ ဆုတ်ခွာသွားခဲ့ပြီဖြစ်ကြောင်း စောင့်ကြည့်ရေးအုပ်စုက ပြောပါတယ်။ ဗြိတန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားစောင့်ကြည့်အဖွဲ့ရဲ့ အဆိုအရ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် သူပုန်များက ၎င်းတို့ထိန်းချုပ်နယ်မြေများမှ ဆုတ်ခွာသွားခဲ့ကြောင်း သိရပါတယ်။

play


အလက်ပိုမြို့ဟောင်းနေရာဟာ သူပုန်များထိန်းချုပ်ထားတဲ့ နောက်ဆုံး နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။ သူပုန်များက အဆိုပါ မြို့ဟောင်းနေရာကို လေးနှစ်ကြာ သိမ်းပိုက်ထားခဲ့ပါတယ်။ လက်ရှိမှာ ဆီးရီးယားစစ်တပ်က အလက်ပိုမြို့အရှေ့ပိုင်းရှိ နယ်မြေ သုံးပုံနှစ်ပုံကို သူပုန်များလက်အောက်မှ ပြန်လည် သိမ်းပိုက်နိုင်ပြီဖြစ်ကာ အလက်ပိုမြို့တစ်မြို့လုံးကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။

play


အလက်ပိုအရှေ့ပိုင်းရှိ သူပုန်များထိန်းချုပ်ရာ နောက်ဆုံး လက်ကျန်ဒေသတွေမှာ အရပ်သားဦးရေ သောင်းနဲ့ချီ ပိတ်မိနေဆဲ ဖြစ်ပါတယ်။ လနဲ့ချီကြာမြင့်ခဲ့တဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အလက်ပိုအရှေ့ပိုင်းမှာ အစားအစာ ပြတ်လပ်မှုနဲ့ ဆေးရုံများမှာ ဆေးကုသပေးနိုင်မှုမရှိ ဖြစ်နေပါတယ်။

ထိုအတောအတွင်း ဆီးရီးယားအစိုးရတပ်ဖွဲ့ကို ကူညီပေးနေတဲ့ ရုရှားစစ်ဘက်အကြံပေးတစ်ဦး သူပုန်များတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဗိုလ်မှူးကြီး ရက်စ်လန် ဂလစ်စကီးဟာ သူပုန်များတိုက်ခိုက်မှုကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာဖြင့် အစိုးရထိန်းချုပ်ရာ အလက်ပိုအနောက်ပိုင်းဒေသမှာ သေဆုံးသွားကြောင်း သိရပါတယ်။
Source & Photo: BBC, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ