International News: ထိုင်ဝမ်သမ္မတကို အမေရိကန်မှဖြတ်သန်းခွင့် ပိတ်ပင်ရန် တရုတ်တောင်းဆို

ထိုင်ဝမ်သမ္မတက ဗဟိုအမေရိကကို သွားရောက်တဲ့ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ခေတ္တရပ်နားဖွယ်ရှိကြောင်း သတင်းထွက်လာခဲ့ပါတယ်။

play
ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်


တရုတ်အစိုးရက ထိုဝမ်သမ္မတ ဆိုင်အင်ဝမ်ကို အမေရိကန်မှ ဖြတ်သန်းသွားခွင့် ပိတ်ပင်ရန် တောင်းဆိုလိုက်ကြောင်း သိရပါတယ်။ ဆိုင်အင်ဝမ်က လာမယ့်လအတွင်း ဗဟိုအမေရိကကို သွားရောက်တဲ့ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ခေတ္တရပ်နားဖွယ်ရှိကြောင်း သတင်းထွက်ပေါ်လာပြီးနောက် တရုတ်အစိုးရက ထိုသို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

play
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်


ထိုင်ဝမ်ဟာ နိုင်ငံ ၂၂ နိုင်ငံနဲ့ သံတမန်ဆက်ဆံရေးရှိပြီး ထိုင်ဝမ်ခေါင်းဆောင်တွေက ဗဟိုအမေရိကနဲ့ ကာရစ်ဘီယန်ဒေသရှိ မဟာမိတ်နိုင်ငံများသို့ ပုံမှန် ချစ်ကြည်ရေးခရီးစဉ် သွားရောက်လေ့ရှိပါတယ်။ ထိုသို့ သွားရောက်တဲ့ခရီးစဉ်အတွင်း အမေရိကန်မှာ ခေတ္တရပ်နားပြီး ထိုင်ဝမ်အရေး နားလည်မှုရှိတဲ့ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လေ့ရှိကြောင်း သိရပါတယ်။

play
တရုတ်နိုင်ငံခြားရေးဝန်ကြီး


သမ္မတဆိုင်အင်ဝမ်ဟာ နီဂါရာဂူး၊ ဂွါတီမာလာနဲ့ အယ်လ်ဆာဗေဒို နိုင်ငံများကို သွားရောက်တဲ့ခရီးစဉ်အတွင်း နယူးယော့ခ်မြို့မှာ ခေတ္တရပ်နားကာ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ရဲ့ အဖွဲမှ အဓိကကျတဲ့ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံသွားဖွယ်ရှိကြောင်း ထိုင်ဝမ်သတင်းဌာန Liberty Times က ပြောပါတယ်။

ထိုင်ဝမ်သမ္မတရုံးကတော့ အဆိုပါသတင်းကို အတည်မပြုနိုင်ကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်သမ္မတကို အမေရိကန်မှာ ခရီးတစ်ထောက် ရပ်နားခွင့်မပြုရန် တောင်းဆိုခဲ့ပါတယ်။

ယခင်က ထိုင်ဝမ်သမ္မတများလည်း အမေရိကန်မှာ ခရီးတစ်ထောက်ရပ်နားလေ့ရှိပါတယ်။ ဆိုင်အင်ဝမ်အရင် ထိုင်ဝမ်သမ္မတ မာရင်ဂျိုးဟာလည်း ၂၀၁၄ ခုနှစ်မှာ ဟာဝိုင်ယီနဲ့ ၂၀၁၅ ခုနှစ်မှာ ဘော်စတွန်မှာ ခေတ္တဝင်ရောက်ခဲ့ဖူးကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ