International News: အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူအရေအတွက် ၉၇ ဦးအထိ မြင့်တက်လာ

ငလျင်ကြောင့် သေဆုံးသူ ၉၇ ဦးရှိပြီဖြစ်ကာ သေဆုံးသူအရေအတွက် ဆက်လက် တိုးမြင့်လာနိုင်ကြောင်း အာချေးပြည်နယ် စစ်ဘက်အကြီးအကဲက ပြောကြားခဲ့ပါတယ်။

play


အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ယနေ့ (ဒီဇင်ဘာ ၇ ရက်) နံနက်အစောပိုင်းက လှုပ်ခတ်သွားတဲ့ ပြင်းအား ၆.၅ ရစ်ခ်ျတာစကေးရှိ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၉၇ ဦးအထိ မြင့်တက်လာကြောင်း စစ်ဘက်ဆိုင်ရာ အကြီးအကဲတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက် အင်ဒိုနီးရှား ငလျင်လှုပ်ခတ်မှု


ငလျင်ကြောင့် သေဆုံးသူ ၉၇ ဦးရှိပြီဖြစ်ကာ သေဆုံးသူအရေအတွက် ဆက်လက် တိုးမြင့်လာနိုင်ကြောင်း အာချေးပြည်နယ် စစ်ဘက်အကြီးအကဲ တာတန်ဆူလေမန်က အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play


အမေရိကန် မြေငလျင်စောင့်ကြည့်ရေးဝက်ဘ်ဆိုက် USGS က ငလျင်ပြင်းအားကို အစောပိုင်းမှာ ၆.၄ အဖြစ် သတ်မှတ်ခဲ့ရာမှ နောက်ပိုင်းမှာ ၆.၅ အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ သေကြေဒဏ်ရာရမှုကိုလည်း အဝါရောင်အဆင့် သတ်မှတ်ထားခဲ့ပါတယ်။

play


ယနေ့ နံနက်အစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဆူနာမီရေလှိုင်း သတိပေးချက်ကိုတော့ ထုတ်ပြန်ခဲ့ရခြင်း မရှိပါဘူး။ အာချေးပြည်နယ်ရှိ Meureudu မြို့ငယ်လေးမှာ ဗလီနဲ့ဈေးဆိုင်များ ပြားပြားဝပ် ပြိုကျခဲ့ပြီး မြိုခံများ နေအိမ်များမှ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။ ငလျင်ကြောင့် အဆောက်အအုံ အများအပြား ပြိုကျခဲ့ပြီး ဒဏ်ရာရရှိသူ ရာနဲ့ချီရှိနိုင်ကြောင်းလည်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ