AD
AD
AD
play


လူပေါင်း ၄၇ ဦးလိုက်ပါသွားတဲ့ ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း (ပီအိုင်အေ) က ခရီးသည်တင် လေယာဉ်တစ်စင်းဟာ ပါကစ္စတန်မြောက်ပိုင်း တောင်တန်းတွေကြားမှာ ပျက်ကျသွားခဲ့ကြောင်း သိရပါတယ်။

ပါကစ္စတန် ခရီးသည်တင်လေယာဉ် ပျက်ကျမှု


လေယာဉ်ပေါ်မှာ ခရီးသည် ၄၂ ဦး၊ လေယာဉ်အမှုထမ်း ၅ ဦးနဲ့ အင်ဂျင်နီယာတစ်ဦး လိုက်ပါသွားခဲ့ကြတယ်လို့ လေကြောင်းလိုင်းက အတည်ပြုထုတ်ပြန်ထားပါတယ်။

play


ချီသရယ်မြို့ကနေ ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်ကို ထွက်ခွာလာစဉ် လမ်းမှာ အဆက်အသွယ်ပျက်သွားပြီး ပျက်ကျခဲ့တာဖြစ်ပါတယ်။

play
လေယာဉ်ပျက်ကျခဲ့သည့် တောင်စောင်းနေရာကို တွေ့ရစဉ်


လက်ရှိအချိန်မှာတော့ ကယ်ဆယ်ရေးအဖွဲ့ဟာ လေယာဉ်ပျက်ကျတဲ့ နေရာကို အရောက်သွားနေပြီဖြစ်လို့ မကြာခင်မှာ အခြေအနေအသေးစိတ်ကို သိရမယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။


ထပ်မံသိရတဲ့ သတင်းတွေအရ လေယာဉ်ပျက်ကျရာ နေရာမှ အနည်းဆုံး ရုပ်အလောင်း ၂၆ လောင်းကို ရယူနိုင်ခဲ့ပြီး လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ဘူးလို့ ဆိုပါတယ်။

Source : CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD