International News: ဂျာယာလာလီသာအတွက် ဝမ်းနည်းပူဆွေးတဲ့ အိန္ဒိယပြည်သူများ ခေါင်းတုံးတုံး

အိန္ဒိယပြည်သူတွေက ဂျာယာလာလီသာကို ချစ်ခင်လေးစားကြပြီး 'အမေ' လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

play


အိန္ဒိယနိုင်ငံမှာ ကွယ်လွန်သူ အမျိုးသမီး နိုင်ငံရေးခေါင်ဆောင် ဂျာယာလာလီသာ ဂျေယာရာမန်းကို လေးစားပြီး ဝမ်းနည်းပူဆွေးမှုကို ပြသတဲ့အနေဖြင့် ၎င်းအားထောက်ခံတဲ့ ပြည်သူတွေက ခေါင်းတုံးတုံးခဲ့ကြပါတယ်။ ဒီဇင်ဘာ ၅ ရက် ညပိုင်းက နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့တဲ့ ဂျာယာလာလီသာဟာ အိန္ဒိယမှာ သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

play


သူမကို နိုင်ငံတော်ဈာပန အခမ်းအနားဖြင့် အင်္ဂါနေ့ (ဒီဇင်ဘာ ၆ ရက်) မြှုပ်နှံသင်္ဂြိုဟ်ခဲ့ရာ သောင်းနဲ့ချီတဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ အသက် ၆၈ နှစ်အရွယ် ဂျာယာလာလီသာဟာ အိန္ဒိယတောင်ပိုင်း တမီလ်နာဒူပြည်နယ် ဝန်ကြီးချုပ်အဖြစ် သက်တမ်းလေးကြိမ် တာဝန်ယူခဲ့ပါတယ်။

play


ဟိန္ဒူဘာသာဝင်တို့ရဲ့ ဓလေ့အရ ဆွေမျိုးသားချင်း အရင်းအချာများ ကွယ်လွန်တဲ့အခါမှသာ ဝမ်းနည်းပူဆွေးမှုအဖြစ် ခေါင်းတုံးတုံးကြတာ ဖြစ်ပါတယ်။ ဂျာယာလာလီသာရဲ့ အုတ်ဂူအနီးမှာ သူမကို ထောက်ခံသူတွေက ပလပ်စတစ်ထိုင်ခုံများမှာထိုင်ပြီး ခေါင်းတုံးတုံးရန် တန်းစီးစောင့်ဆိုင်းခဲ့ကြပါတယ်။

play


အိန္ဒိယပြည်သူတွေက ဂျာယာလာလီသာကို ချစ်ခင်လေးစားကြပြီး 'အမေ' လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ မင်းသမီးဟောင်းလည်းဖြစ်တဲ့ ဂျာယာလာလီသာဟာ နှလုံးရောဂါကြောင့် စက်တင်ဘာ ၂၂ ရက်ကတည်းက ဆေးရုံမှာ ကုသမှုခံယူနေခဲ့ရပြီးနောက် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ