International News: အိုင်အက်စ်ထိန်းချုပ်တဲ့ အီရတ်မြို့တစ်မြို့ကို လေကြောင်းတိုက်ခိုက်မှု အများအပြား သေဆုံး

အီရတ်နဲ့ ဆီးရီးယား နယ်စပ်မှာရှိတဲ့ မြို့တစ်မြို့ကို ပစ်မှတ်ထားပြီး လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။

play


အီရတ်နိုင်ငံမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ထိန်းချုပ်ထားတဲ့ နယ်စပ်မြို့တစ်မြို့ကို လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၆၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ အီရတ်နဲ့ ဆီးရီးယား နယ်စပ်မှာရှိတဲ့ al-Qaim မြို့လယ်ကို ပစ်မှတ်ထားပြီး ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၇ ရက်) မွန်းလွဲပိုင်းက လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။

play


အိုင်အက်စ်အဖွဲ့က ဌာနချုပ်အဖြစ် အသုံးပြုတဲ့ ဗလီတစ်လုံးနဲ့ အခြား လူနေအဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှုတစ်ခု ထိမှန်ခဲ့ကြောင်းလည်း သိရပါတယ်။ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသူတွေအနက် ကလေးငယ် ၁၉ ဦးနဲ့ အမျိုးသမီး ၁၂ ဦး ပါဝင်ကြောင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ပြောပါတယ်။

အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ Amaq သတင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပြီးနောက် အခြေအနေကို ဗီဒီယိုထုတ်လွှင့်ခဲ့ပြီး အီရတ် တိုက်လေယာဉ်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအဖြစ် ပြောကြားပါတယ်။ အီရတ်အစိုးရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၁၂၀ ကျော် သေဆုံးကြောင်း Amaq သတင်းက ဖော်ပြခဲ့ပါတယ်။

အီရတ်စစ်တပ် သို့မဟုတ် အစိုးရက ယခုသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေက အိုင်အက်စ်ကို တိုက်ခိုက်နေတဲ့ အီရတ်အစိုးရကို ကူညီပေးနေပြီး တိုက်ခိုက်မှုများအတွင်း အရပ်သားသေဆုံးမှု အများအပြားရှိတဲ့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ