International News: ကမ္ဘာ့အဝဆုံး အမျိုးသမီး ဝိတ်လျှော့ချရန် အိန္ဒိယမှာ ခွဲစိတ်မှုခံယူမည်

အီမန်ဟာ ဝလွန်းတာကြောင့် နေအိမ်ပြင်ပကို မထွက်ခဲ့တာ ၂၅ နှစ်ကျော် ကြာမြင့်ခဲ့ပြီလို့ ဆိုပါတယ်။

play


အီဂျစ်နိုင်ငံမှ ကိုယ်အလေးချိန် ၁,၁၀၂ ပေါင်ရှိတဲ့ ကမ္ဘာ့အဝဆုံး အမျိုးသမီးဟာ မကြာမီ အိန္ဒိယနိုင်ငံကိုသွားရောက်ပြီး ကိုယ်အလေးချိန်လျှော့ချတဲ့ ခွဲစိတ်မှုခံယူသွားမယ်လို့ ဆိုပါတယ်။ အီမန် အာမက် အဗ္ဗဒူလ်လတ်တီ အမည်ရှိ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးဟာ စင်းလုံးငှားလေယာဉ်ဖြင့် မွမ်ဘိုင်းမြို့ကိုသွားရောက်ပြီး ခွဲစိတ်ကုသမှု ခံယူမှာပါ။

play


အဝဆုံးအမျိုးသမီး အီမန်ကို သူမရဲ့ ကိုယ်အလေးချိန်နဲ့ ကိုယ်ခန္ဓာအခြေအနေကြောင့် အစောပိုင်းမှာ အိန္ဒိယသံရုံးက ဗီဇာထုတ်မပေးခဲ့ပါဘူး။ သူမကို ခွဲစိတ်ကုသပေးမယ့် ဆရာဝန် မက်ဖ်ဖာဇယ် လက်ဒါဝါလာက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကို တွစ်တာမှတစ်ဆင့် အရေးဆို ပြောကြားခဲ့ပြီးနောက် အီမန်အတွက် ဗီဇာရရှိခဲ့တာ ဖြစ်ပါတယ်။

play


အီမန်ဟာ ဝလွန်းတာကြောင့် နေအိမ်ပြင်ပကို မထွက်ခဲ့တာ ၂၅ နှစ်ကျော် ကြာမြင့်ခဲ့ပြီလို့ ဆိုပါတယ်။ အီမန်ဟာ မွေးကင်းစမှာကတည်းက ကိုယ်အလေးချိန် ၁၁ ပေါင်ရှိခဲ့ပြီး ဆက်လက် ဝဖြိုးလာခဲ့ကာ မိန်ကလေးငယ်အရွယ်မှာ လမ်းလျှောက်ရန်ပင် ခက်ခဲလာခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ လေဖြတ်သွားခဲ့ရာက အိပ်ရာထဲမှ မထနိုင်ဖြစ်သွားခဲ့ရာ ကိုယ်အလေးချိန် လျော့ကျအောင် မည်သို့မျှ လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။
Source & Photo: Indian Express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ