International News: အလက်ပိုအောင်ပွဲက အလွန်အရေးပါတဲ့ ခြေလှမ်းဖြစ်ကြောင်း ဆီးရီးယားသမ္မတ ပြောကြား

အလက်ပိုမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်သည့်တိုင် အကြမ်းဖက်သမားတွေနဲ့ စစ်ပွဲကို ဆက်လက် ဆင်နွှဲသွားမယ်လို့လည်း ဆီးရီးယားသမ္မတက ဆိုပါတယ်။

play


အလက်ပိုမြို့မှာ အစိုးရစစ်တပ်က သူပုန်များအပေါ် အောင်ပွဲရခဲ့ခြင်းဟာ ငါးနှစ်ကြာ ပြည်တွင်းစစ်အဆုံးသတ်နိုင်ရန် အလွန်အရေးပါတဲ့ ခြေလှမ်းဖြစ်ကြောင်း ဆီးရီးယားသမ္မတ ဘရှားအာဆတ်က ပြောပါတယ်။ အလက်ပိုမှာ အရေးနိမ့်သွားတဲ့ သူပုန်အုပ်စုတွေကတော့ ပဋိပက္ခကို အဆုံးသတ်မှာ မဟုတ်ကြောင်းလည်း သမ္မတအာဆတ်က ဖြည့်စွက်ပြောပါတယ်။

play


အလက်ပိုမြို့အရှေ့ပိုင်းမှာ ပိတ်မိနေတဲ့ အရပ်သားတွေ ရွှေ့ပြောင်းနိုင်ရန် တိုက်ခိုက်နေမှုတွေကို ငါးရက်ကြာရပ်ဆိုင်းဖို့ သူပုန်အုပ်စုက တောင်းဆိုခဲ့ပေမဲ့ သမ္မတအာဆတ်က ပယ်ချခဲ့ပြီး ဆီးရီးယားစစ်တပ်အနေနဲ့ ဆက်လက် တိုက်ခိုက်မယ်လို့ တုံ့ပြန်ထားပါတယ်။ အမေရိကန်နဲ့ အနောက်အုပ်စု အင်အားကြီးနိုင်ငံ ၅ နိုင်ငံကလည်း အလက်ပိုအရှေ့ပိုင်းမှာ တိုက်ခိုက်နေမှုတွေကို ချက်ချင်းရပ်ဆိုင်းရန် တောင်းဆိုခဲ့ပေမဲ့ အာဆတ်က လက်မခံခဲ့ပါဘူး။

play


အလက်ပိုတိုက်ပွဲဟာ အောင်မြင်မှုဖြစ်ပေမဲ့ ဆီးရီးယားမှာ ဖြစ်နေတဲ့ စစ်ပွဲရဲ့အဆုံးသတ် မဟုတ်ကြောင်း အယ်လ်ဝါတန်သတင်းစာနဲ့ အင်တာဗျူးမှာ သမ္မတအာဆတ်က ပြောကြားခဲ့ပါတယ်။ အကြမ်းဖက်သမားတွေက အလက်ပိုမဟုတ်တဲ့ အခြားနေရာမှာလည်း ရှိနေကြောင်း၊ အလက်ပိုမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်သည့်တိုင် အကြမ်းဖက်သမားတွေနဲ့ စစ်ပွဲကို ဆက်လက် ဆင်နွှဲသွားမယ်လို့လည်း ဆီးရီးယားသမ္မတက ဆိုပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ