International News: ကျောင်းထဲမှာ ဓားနှစ်လက်နဲ့ရမ်းကားနေတဲ့ ဆယ်ကျော်သက်ကို ပစ်ခတ်ဖမ်းဆီးခဲ့ရ

ကျောင်းသားရဲ့ လည်ပင်းကို သေနတ်ထိမှန်သွားတာကြောင့် ပစ်ခတ်ခဲ့တဲ့ရဲကိုလည်း စစ်ဆေးနေကြပါတယ်။

play

 

အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ်၊ ရီနိုမြို့က အထက်တန်းကျောင်းတစ်ခုမှာ ကျောင်းသားတစ်ဦး ဓားကိုင်ပြီးရမ်းကားနေလို့  သေနတ်နဲ့ပစ်ခတ်ပြီး ဖမ်းဆီးလိုက်ရကြောင်း သတင်းရရှိပါတယ်။

play

 

ဒီဇင်ဘာ ၇ ရက် မနက် ၁၁ နာရီဝန်းကျင်က Procter R. Hug အထက်တန်းကျောင်းမှာ အသက် ၁၆ နှစ်အရွယ် ကျောင်းသားဟာ ဓားနှစ်လက်ကိုဝှေ့ယမ်းကာ လူတွေကို ရန်ပြုနေလို့ ရီနိုမြို့ရဲတပ်ဖွဲ့ဝင် တွမ်ဘရုတ်ဒ်ဝေးက သေနတ်နဲ့ပစ်ခတ်ကာ ဖမ်းဆီးခဲ့ပါတယ်။ ဒဏ်ရာရသွားတဲ့ ကျောင်းသားကို ဆေးရုံကိုချက်ချင်းတင်ပို့ခဲ့ပြီး ကျောင်းတံခါးတွေကိုလည်း ပိတ်ထားလိုက်ရပါတယ်။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ