International News: အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူ ၁၀၂ ဦးအထိရှိလာ

လက်ရှိအချိန်အထိ ရုပ်အလောင်း ၁၀၂ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ၈၅ ဦးကို မည်သူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

play


အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ ၁၀၂ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ယနေ့ (ဒီဇင်ဘာ ၈ ရက်) ပြောပါတယ်။  အာချေးပြည်နယ်မှာ ဒီဇင်ဘာ ၇ ရက် နံနက်အစောပိုင်းက ၆.၅ ရစ်ခ်ျတာစကေးရှိ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် နေအိမ်နဲ့ အဆောက်အအုံ ၂၄၅ လုံး ပြိုကျပျက်စီးခဲ့ပါတယ်။

အင်ဒိုငလျင်လှုပ်ခတ်အပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်မှု


ငလျင်လှုပ်ခတ်မှုအတွင်း ဗလီ ၁၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ငလျင်ကြောင့် လမ်းမများ အက်ကြောင်းပေါ်ခဲ့ပြီး ဓာတ်တိုင်များလဲပြိုခဲ့ပါတယ်။ လက်ရှိအချိန်အထိ ရုပ်အလောင်း ၁၀၂ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ၈၅ ဦးကို မည်သူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

play


ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးများအတွင်း ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်မှု အဆိုးဆုံးဖြစ်ခဲ့တဲ့နေရာမှာ စစ်သား ၁,၀၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် ၉၀၀ ခန့် ချထားပြီး ကယ်ဆယ်ရေးစခန်းများ တည်ဆောက်မှုနဲ့ အပျက်အစီးရှင်းလင်းမှုများ ဆောင်ရွက်နေကြောင်း သိရပါတယ်။

play


အာချေးပြည်နယ်ဟာ ဆူမာတြားကျွန်းရဲ့ အစွန်းနေရာမှာ တည်ရှိနေပြီး ၂၀၀၄ ခုနှစ်က ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုနဲ့အတူ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုကြောင့် အင်ဒိုနီးရှားတစ်နိုင်ငံတည်းမှာပင် လူပေါင်း ၁၇၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ အခြားနိုင်ငံတွေမှာလည်း လူပေါင်းသောင်းနဲ့ချီ သေဆုံးခဲ့ပါတယ်။
Source & Photo: AFP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ