International News: အမျိုးသမီးစစ်သည်တွေကို ဆက်စီဓာတ်ပုံတွေ မတင်စေချင်တဲ့ ဆွစ်ဇာလန်တပ်မတော် အရာရှိများ

အချို့စစ်သည်တွေက တိုင်ပတ်ကပြနေတဲ့ ဓာတ်ပုံတွေကိုတောင် လူမှုကွန်ရက်မှာ ဝေမျှထားပါတယ်။

ဆွစ်ဇာလန်တပ်မတော်အတွက် တပ်သားအသစ်အဖြစ် စုဆောင်းဝင်ရောက်လာတဲ့ စစ်သည်အချို့ဟာ ဆက်စီဓာတ်ပုံတွေကို လူမှုကွန်ရက်ကတစ်ဆင့် ပြန်လည်မျှဝေနေတဲ့အတွက် တပ်မတော်အရာရှိတွေဟာ စိတ်ပျက်လျက်ရှိကြောင်း သိရပါတယ်။

play

 

အထူးသဖြင့် တပ်မတော်သားအသစ်ဖြစ်လာတဲ့ အမျိုးသမီး စစ်သည်အချို့ဟာ လေ့ကျင့်ရေးကာလအတွင်း ယူနီဖောင်းတွေနဲ့ ဆယ်လ်ဖီအချို့ ရိုက်ကူးပြီးလူမှုကွန်ရက်ပေါ် ပြန်လည်မျှဝေနေတာ ဖြစ်ပါတယ်။ ဒီအတွက် ဆွစ်ဇာလန်တပ်မတော် ခေါင်းဆောင်အရာရှိတွေက စိတ်မချမ်းမြေ့ဖြစ်နေတာပါ။

play

 

" တပ်ရဲ့ မူဝါဒက တော့ရှင်းပါတယ်။ ယူနီဖောင်းနဲ့ ဓာတ်ပုံရိုက်စရာ မလိုဘူး။ ဘယ်သူပဲ ဓာတ်ပုံရိုက်ရိုက် အုပ်ချုပ်သူ အရာရှိကို အရင်မေးပြီးမှ ရိုက်ရမယ်။ အဓိပ္ပာယ်မရှိတဲ့ အကြောင်းအရာတွေ၊ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်တဲ့အရာတွေနဲ့ ခွဲခြားဆက်ဆံတဲ့ အရာတွေကို တင်ရင်တော့ အရေးယူခံရပါမယ်။ အကောင်းဘက်ကို ဦးတည်ပြီး တပ်မတော်ကို မထိခိုက်ရင်တောာ့ ရပါတယ်" လို့ ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ရိစ်က ပြောပါတယ်။

play

 

ဆွစ်ဇာလန်အမျိုးသမီးတပ်သားအချို့ဟာ လေ့ကျင့်ရေးကွင်းမှာ သေနတ်ပစ်နေတဲ့ပုံတွေ၊ ယူနီဖောင်းနဲ့ အနားယူနေတဲ့ ပုံတွေ၊ တင့်ကားပေါ်က ဓာတ်ပုံတွေအပြင် တိုင်ပတ်ကပြနေတဲ့ ဓာတ်ပုံအချို့ကိုပါ လူမှုကွန်ရက်မှာ ဝေမျှထားတာဖြစ်ပါတယ်။

play

 

Source : The Sun

ယူနီဖောင်းနှင့်ဓာတ်ပုံရိုက်ခြင်းအပေါ် သင်ဘယ်လိုမြင်ပါသလဲ။ »

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ