International News: ဆော်လမန်ကျွန်းစုငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားမှု ရုပ်သိမ်း

ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ပစိဖိတ်ကမ်းရိုးတန်း ဒေသတွေမှာ ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားခဲ့ရပါတယ်။

play


ဆော်လမန်ကျွန်းစုအနီးမှာ ရစ်ခ်ျတာစကေး ၇.၈ ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် တောင်ပစိဖိတ် ကမ်းရိုးတန်းဒေသတွေမှာ ထုတ်ပြန်ထားတဲ့ ဆူနာမီရေလှိုင်း သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ဆော်လမန်ကျွန်းစုရှိ ကီရာကီရာဒေသကမ်းလွန် ၄၃ မိုင်အကွာမှာ ငလျင်ကြီးလှုပ်ခတ်ခဲ့ကြောင်း US Geological Survey က ဖော်ပြပါတယ်။

ငလျင်ဟာ ယနေ့ (ဒီဇင်ဘာ ၉ ရက် ) ဒေသစံတော်ချိန် မနက် ၄း၄၀ မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ငလျင် အများအပြားလည်း ဆက်လက် လှုပ်ခတ်ခဲ့ကြောင်းသိရပါတယ်။ ငလျင်ရဲ့ဗဟိုချက်နဲ့ နီးကပ်တဲ့ Malaita ကျွန်းမှာ အဆောက်အအုံ ပြိုကျမှုများ ဖြစ်ခဲ့ကြောင်း သတင်းများရခဲ့ပေမဲ့ ပျက်စီးမှုအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါကျွန်းသို့ ရဟတ်ယာဉ်တစ်စီးဖြင့် အခြေအနေသွားရောက်ကြည့်ရှုစေခဲ့ကြောင်း ဆော်လမန်ကျွန်းစု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး လိုတီရိတ်စ်က ရိုက်တာသတင်းကို ပြောပါတယ်။ Malaiti ကျွန်းဟာ ဆော်လမန်ကျွန်းစုမှာ ပါဝင်တဲ့ အစိတ်အပိုင်းဖြစ်ပြီး လူဦးရေ ၆၀၀,၀၀၀ နေထိုင်ပါတယ်။ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ပစိဖိတ်ကမ်းရိုးတန်း ဒေသတွေမှာ ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ