International News: တောင်ကိုရီးယားသမ္မတကို စွပ်စွဲပြစ်တင်မှုပြုရန် လွှတ်တော်တွင် မဲခွဲမှုပြုလုပ်မည်

သမ္မတပတ်ဂွန်ဟေးကို စွဲချက်တင်နိုင်ရန် မဲခွဲရာမှာ ၎င်းရဲ့ပါတီမှ အမတ်တွေရဲ့ ထောက်ခံမဲများလည်း လိုအပ်ပါတယ်။

play


တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးကို အကျင့်ပျက်ခြစားမှု အရှုပ်အထွေးနဲ့ ပတ်သက်ပြီး စွပ်စွဲပြစ်တင်ကာ ရာထူးမှဖယ်ရှားနိုင်တဲ့ လွှတ်တော်တွင်း ဆွေးနွေးမှုနဲ့ မဲခွဲဆုံးဖြတ်မှုကို ယနေ့ (ဒီဇင်ဘာ ၉ ရက်) ပြုလုပ်နေပြီ ဖြစ်ပါတယ်။ သမ္မတပတ်ဂွန်ဟေးကို စွပ်စွဲပြစ်တင်ပြီး ရထူးမှဖယ်ရှားနိုင်ရန် လွှတ်တော်မဲခွဲဆုံးဖြတ်ရာမှာ အမတ်အရေအတွက် သုံးပုံနှစ်ပုံက ထောက်ခံမဲပေးရန် လိုအပ်ပါတယ်။

play


တောင်ကိုရီးယားလွှတ်တော် အမတ်နေရာ ၃၀၀ ရှိသည့်အနက် အတိုက်အခံ ပါတီသုံးခုပေါင်းမှာ ၁၆၅ နေရာ ရရှိထားပါတယ်။ ကျန်ရှိတဲ့ အမတ်နေရာများမှာ သမ္မတပတ်ဂွန်ဟေးရဲ့ ဆေနူရီပါတီမှ ဖြစ်ပါတယ်။ ထိုအခြေအနေအရ သမ္မတပတ်ဂွန်ဟေးကို စွဲချက်တင်နိုင်ရန် မဲခွဲရာမှာ ၎င်းရဲ့ပါတီမှ အမတ်တွေရဲ့ ထောက်ခံမဲများလည်း လိုအပ်ကြောင်း သိရပါတယ်။

play


အကယ်၍ သမ္မတပတ်ဂွန်ဟေးကို စွပ်စွဲပြစ်တင်ပြီး ရာထူးမှဖယ်ရှားရန် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက အဆိုပါ ဆုံးဖြတ်ချက်ကို အတည်ပြုရန် သို့မဟုတ် ပယ်ချရန် ရက်ပေါင်း ၁၈၀ အတွင်း ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ခုံရုံးက အတည်ပြုခဲ့ပါက သမ္မတရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပပြုလုပ်ရမယ်လို့ တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

play


တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးဟာ သူငယ်ချင်းကို နိုင်ငံရေးမှာစွက်ဖက်ခွင့်ပြုခဲ့ပြီးနောက် အကျင့်ပျက်ခြစားမှု အရှုပ်အထွေးနဲ့ ပတ်သက်မှုတွေရှိခဲ့ရာ ရာထူးမှနုတ်ထွက်ရန် ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေလည်း ဆက်တိုက် ကြုံတွေ့နေရပါတယ်။
Source & Photo: AFP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ