International News: ဖေ့စ်ဘွတ်မှာ လူကြည့်အများဆုံး တိုက်ရိုက်ဗီဒီယို

လေးမိနစ်ကြာမြင့်တဲ့ အဆိုပါ ဗီဒီယိုကို လက်ရှိအချိန်အထိ ကြည့်ရှုမှုအကြိမ်ရေ ၁၆၂ သန်းရှိပါတယ်။

play


ကမ္ဘာကျော် ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် ဖေ့စ်ဘွတ်က ၂၀၁၆ ခုနှစ်အတွင်း လက်ရှိအချိန်အထိ ကြည့်ရှုမှုအများဆုံး တိုက်ရိုက်ဗီဒီယိုများနဲ့ လူပြောအများဆုံး အကြောင်းအရာများ စာရင်းကို ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဖေ့စ်ဘွတ်က ယခုနှစ်မှာ တိုက်ရိုက်ဗီဒီယို ရိုက်ကူးထုတ်လွှင့်မှုကို ကမ္ဘာတစ်ဝန်းမှ အသုံးပြုသူအားလုံးအတွက် ခွင့်ပြုပေးလိုက်ရာ တိုက်ရိုက်ဗီဒီယိုများ နေ့စဉ်နဲ့အမျှ ရိုက်ကူးထုတ်လွှင့်မှုတွေ များပြားလာခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း လူကြည့်အများဆုံး ဖေ့စ်ဘွတ်တိုက်ရိုက်ဗီဒီယို


၂၀၁၆ ခုနှစ်အတွင်း ကြည့်ရှုမှုအများဆုံး ဖြစ်ခဲ့တဲ့ ဖေ့စ်ဘွတ်တိုက်ရိုက် ဗီဒီယို ၁၀ ခုအနက် နံပါတ် ၁ နေရာမှာ ရပ်တည်ခဲ့တဲ့ ကြည့်ရှုမှုအများဆုံး ဗီဒီယိုက Star Wars ဇာတ်ကောင် Wookiee မျက်နှာဖုံးတပ်ဆင်ထားပြီး သူမရဲ့ကားအတွင်း အူလှိုက်သည်းလှိုက် ရယ်မောနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ တိုက်ရိုက်ဗီဒီယို ဖြစ်ပါတယ်။

play


လေးမိနစ်ကြာမြင့်တဲ့ အဆိုပါ ဗီဒီယိုကို လက်ရှိအချိန်အထိ ကြည့်ရှုမှုအကြိမ်ရေ ၁၆၂ သန်းရှိကြောင်း သိရပါတယ်။ အဆိုပါ တိုက်ရိုက်ဗီဒီယိုကို ရိုက်ကူးထုတ်လွှင့်ခဲ့သူမှာ ကန်ဒေ့စ်ပေနီအမည်ရှိ ကလေးမိခင်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ လူကြည့်အများအဆုံး ဖေ့စ်ဘွတ်တိုက်ရိုက်ဗီဒီယို ထိပ်ဆုံး ၁၀ ခု စာရင်းမှာ အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဗီဒီယို ၅ ခု ပါဝင်ခဲ့ပါတယ်။

play

၂၀၁၆ ခုနှစ်အတွင်း ကြည့်ရှုမှုအများဆုံး ဖေ့စ်ဘွတ် တိုက်ရိုက်ဗီဒီယို ၁၀ ခု

၁။ Candace Payne, Chewbacca Mom: 162 million views
၂။ Ted Yoder, Tears for Fears' "Everybody Wants to Rule the World" on hammered dulcimer: 85 million
၃။ BuzzFeed, Countdown to the 2020 presidential election: 51 million
၎။ Atlanta Buzz, People are lining up to hug police officers in Dallas: 38 million
၅။ NBC News, Election results electoral map: 36 million
၆။ Under the Hood, Video of a truck completely carved out of wood: 26 million
၇။ Viral Thread, Population count from US to Canada after Donald Trump becomes president: 25 million
၈။ CNN, Election results on Empire State Building: 24 million
၉။ Dena Blizzard, "Pokemon Go" for moms: "Chardonnay Go": 23 million
၁၀။ Turner's Super Deluxe, Election Map: 23 million

၂၀၁၆ ခုနှစ်အတွင်း လူပြောအများဆုံး အကြောင်းအရာတွေကိုလည်း ဖေ့စ်ဘွတ်က ထုတ်ပြန်ခဲ့ရာ အမေရိကန်သမ္မတရွေးကောက်ပွဲက ထိပ်ဆုံးမှ ရပ်တည်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း ဖေ့စ်ဘွတ်မှာ လူပြောအများဆုံး အကြောင်းအရာ ၁၀ ခု

၁။ US presidential election
၂။ Brazilian politics
၃။ Pokemon Go
၎။ Black Lives Matter
၅။ Rodrigo Duterte & Philippine presidential election
၆။ Olympics
၇။ Brexit
၈။ Super Bowl
၉။ David Bowie
၁၀။ Muhammad Ali
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ