International News: ၂ နှစ်အတွင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဝင် ၅၀,၀၀၀ သေဆုံးခဲ့

အိုင်အက်စ်အဖွဲ့ဝင်တွေ သေဆုံးမှုရှိနေပေမဲ့ အဖွဲ့ဝင်သစ်တွေ အလျင်အမြန် အစားထိုးနိုင်ကြောင်းလည်း အမေရိကန်က မကြာခဏ သတိပေးထားပါတယ်။

play


ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အီရတ်နဲ့ ဆီးရီးယားမှာ အမေရိကန်ဦးဆောင်တဲ့ တိုက်ခိုက်မှုများကြောင့် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဝင် အနည်းဆုံး ၅၀,၀၀၀ သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြောင်း အမေရိကန်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။

မိုဆူးလ်မြို့ကို လေကြောင်းတိုက်ခိုက်မှု


အိုင်အက်စ်အဖွဲ့ဝင်များ သေဆုံးမှုအရေအတွက်ဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒေသခံတပ်ဖွဲ့တွေကို အမေရိကန်က ကူညီခဲ့မှုဟာ ထိရောက်မှုရှိကြောင်း ပြသရာရောက်ကြောင်း အမေရိကန်စစ်ဘက်အရာရှိက ဆိုပါတယ်။ အိုင်အက်စ်အဖွဲ့ဝင်တွေ သေဆုံးမှုရှိနေပေမဲ့ ၎င်းတို့ဟာ အဖွဲ့ဝင်သစ်တွေ အလျင်အမြန် အစားထိုးနိုင်ကြောင်းလည်း အမေရိကန်က မကြာခဏ သတိပေးထားပါတယ်။

play


အီရတ်နိုင်ငံ မိုဆူးလ်မြို့ကဲ့သို့ နေရာတွေကို လေကြောင်းမှတိုက်ခိုက်မှုဖြင့် မြေပြင်မှ အီရတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမေရိကန်က ဆိုပါတယ်။ အိုင်အက်စ်တို့ကို ချေမှုန်းရာမှာ ထိရောက်မှုရှိခဲ့ပေမဲ့ အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားသေဆုံးမှုတွေ ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ