International News: ဇနီးကို ဆေးထိုးသတ်ပြီး တိတ်တိတ်ပုန်းချစ်သူနဲ့ ပေါင်းဖက်ခဲ့တဲ့ ဆရာဝန်

ဆရာဝန်ဟာ ဇနီးဖြစ်သူကို အင်ဆူလင်ဆေးထိုးမပေးမီ နှစ်ရက်အလိုက အင်ဆူလင်ဆေးလွန်ကဲမှုနဲ့ ပတ်သက်ပြီး အင်တာနက်မှာ ရှာဖွေခဲ့ပါတယ်။

play
ဇနီးကို အင်ဆူလင်ဆေးထိုးသတ်ခဲ့သည့် ဆရာဝန်ခရစ်ကစ်


သြစတြေးလျ ဆရာဝန်တစ်ဦးက ၎င်းရဲ့ဇနီးဖြစ်သူကို သေစေနိုင်လောက်တဲ့ အင်ဆူလင်ဆေးပမာဏ ထိုးပေးခဲ့မှုဟာ လူသတ်မှုဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ အသက် ၆၃ နှစ်အရွယ် ဆရာဝန်ဘရိန်းခရစ်ကစ်က ၎င်းရဲ့ဇနီး အသက် ၆၁ နှစ်အရွယ် ခရစ္စတင်းကို ဆစ်ဒနေမြို့ရှိ နေအိမ်မှာ အင်ဆူလင်ဟိုမုန်းဆေး လိုအပ်တာထက် ပိုမိုတဲ့ပမာဏကို ထိုးပေးခဲ့တာ ဖြစ်ပါတယ်။

play
အင်ဆူလင်ဆေး ပမာဏလွန်ကဲမှုကြောင့် သေဆုံးခဲ့သည့် ခရစ္စတင်း


တရားရုံးစစ်ဆေးကြားနာမှုအရ အဆိုပါ ဆရာဝန်ဟာ ဇနီးဖြစ်သူကို အင်ဆူလင်ဆေးထိုးမပေးမီ နှစ်ရက်အလိုက အင်ဆူလင်ဆေးလွန်ကဲမှုနဲ့ ပတ်သက်ပြီး အင်တာနက်မှာ ရှာဖွေမှုပြုလုပ်ခဲ့ကြောင်း တွေ့ရပါတယ်။ စုံစမ်းရေးမှူးတွေရဲ့ ပြောကြားမှုအရ ခရစ်ကစ်က ဇနီးဖြစ်သူရဲ့ အသက်အာမခံကြေးကို ရယူပြီး ၎င်းရဲ့ တိတ်တိတ်ပုန်းချစ်သူ အမျိုးသမီးနဲ့ အချစ်ဇာတ်လမ်းဆက်ရန် ရည်ရွယ်ထားခဲ့တယ်လို့ ဆိုပါတယ်။

play
တရားရုံးကို ဇနီအသစ်နှင့်အတူ လာရောက်ခဲ့သည့် ခရစ်ကစ်


ဆရာဝန်ခရစ်ကစ်က ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် သို့မဟုတ် ၂၀၁၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ ၎င်းရဲ့ဇနီးကို သေစေနိုင်လောက်တဲ့ အင်ဆူလင်ဆေးပမာဏ ထိုးပေးခဲ့ကြောင်း တရားရုံးက ပြောပါတယ်။ ခရစ်ကစ်က ဆီးချိုရောဂါသည်များ ထိုးနှံရတဲ့ အင်ဆူလင်ဆေးကို မှာကြားဝယ်ယူခဲ့ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ လက်ခံရယူခဲ့ကြောင်းလည်း သိရပါတယ်။

၎င်းဟာ ဇနီးဖြစ်သူကို ပမာဏလွန်ကဲတဲ့ ဆင်ဆူလင်ဆေး ထိုးပေးခဲ့ပြီးနောက် ညပိုင်းမှာ တိတ်တိတ်ပုန်းချစ်သူ လင်ဒါလီဗာမိုးရ်နဲ့ အတူနေခဲ့ကြောင်းလည်း စစ်ဆေးတွေ့ရှိရပါတယ်။ တရားရုံးက အဆိုပါဖြစ်ရပ်မှာ ဆရာဝန်ခရစ်ကစ်ဟာ လူသတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ကြာသပတေးနေ့ (ဒီဇင်ဘာ ၈ ရက်) က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဇနီးသည်ကို အင်ဆူလင်ဆေးထိုးသတ်ပြီး တိတ်တိတ်ပုန်းချစ်သူနဲ့ အချစ်ဇာတ်လမ်းဆက်ခဲ့တဲ့ ဆရာဝန်ခရစ်ကစ်ကို လာမယ့်နှစ်မှာ တရားရုံးက စီရင်ချက်ချမှတ်သွားမယ်လို့ သိရပါတယ်။
Source & Photo: The Guardian, abc.net.au, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ