play

 

တောင်ကိုရီးယား သမ္မတပတ်ဂွန်ဟေးကို စွဲချက်တင်ဖို့အတွက် ယနေ့လွှတ်တော်မှာ  မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် စွဲချက်တင် စစ်ဆေးဖို့အတွက် အမတ်အများစု မဲပေးခဲ့ကြကြောင်း သိရပါတယ်။

လွှတ်တော်အမတ်တွေရဲ့ စုစုပေါင်း မဲအရေအတွက် သုံးရာနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သုံးပုံနှစ်ပုံရဲ့ ဆန္ဒကို အတည်ပြုတာဖြစ်ပါတယ်။  အခုတော့ ပတ်ဂွန်ဟေးကို သုံးပုံနှစ်ပုံမကဘဲ စုစုပေါင်း မဲအရေအတွက် ၂၃၄ မဲနဲ့ သမ္မတရာထူးကို ရပ်နားပြီး စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ပတ်ဂွန်ဟေးကို စုံစမ်းစစ်ဆေးတဲ့ ကာလဟာ စုစုပေါင်း ရက်ပေါင်း ၁၈၀ ကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။

play

 

အဲဒီကာလအတွင်း ပတ်ဂွန်ဟေးရဲ့ သမ္မတရာထူးတွေကို တောင်ကိုရီးယားနိုင်ငံဝန်ကြီးချုပ် ဟွမ်ကျိုအမ်းက တာဝန်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ဆေးပြီးနောက် ခုံရုံးက အတည်ပြုခဲ့ပါက သမ္မတရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပပြုလုပ်ရမယ်လို့ တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

play

 

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးဟာ သူငယ်ချင်းကို နိုင်ငံရေးမှာစွက်ဖက်ခွင့်ပြုခဲ့ပြီးနောက် အကျင့်ပျက်ခြစားမှု အရှုပ်အထွေးနဲ့ ပတ်သက်မှုတွေရှိခဲ့ရာ ရာထူးမှနုတ်ထွက်ရန် ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေလည်း ဆက်တိုက် ကြုံတွေ့နေရပါတယ်။

Source : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video