International News: ဆီးရီးယားရှေးဟောင်းမြို့တော် ပယ်လ်မိုင်ရာကို အိုင်အက်စ်တို့ တစ်ကြော့ပြန်ဝင်ရောက်တိုက်ခိုက်

, updated

ယူနက်စကိုအသိအမှတ်ပြု ရှေးဟောင်းအမွေနှစ်လက်ရာတွေရှိရာ မြို့တော်ဖြစ်ပါတယ်။

play


အစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်အဖွဲ့ အိုင်အက်စ်ရဲ့ လက်နက်ကိုင်တိုက်ခိုက်သူတွေဟာ ဆီးရီးယားနိုင်ငံ ရှေးဟောင်းမြို့တော် ပယ်လ်မိုင်ရာကို တစ်ကြော့ပြန်ဝင်ရောက် တိုက်ခိုက်လာကြောင်း သတင်းရရှိပါတယ်။ အိုင်အက်စ်တွေဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိရာ ပယ်လ်မိုင်ရာကို ၁၀ လကြာ သိမ်းပိုက်ထားခဲ့ရာက ယခုနှစ် မတ်လမှာ ဆီးရီးယားစစ်တပ်က ပြန်လည်ရယူနိုင်ခဲ့တာပါ။

play


အိုင်အက်စ်အဖွဲ့တွေဟာ ဒီဇင်ဘာ ၁၀ ရက်မှာ ပယ်လ်မိုင်ရာမြို့ထဲ ပြန်လည်ဝင်ရောက်လာပြီး အနောက်မြောက်ဘက်ပိုင်းမှာ အခြေချနေကြပြီး စစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူ ရာမီ အက်ဘ်ဒယ်လ် ရက်မန်က ပြောပါတယ်။ အိုင်အက်စ်အဖွဲ့တွေဟာ ပယ်လ်မိုင်ရာကိုသိမ်းပိုက်ထားစဉ်အတွင်း မြို့တွင်းရှိ ယူနက်စကို အသိအမှတ်ပြု  ယဉ်ကျေးမှုအမွေအနှစ် ရှေးလက်ရာတွေကိုလည်း ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ ယင်းတို့အနက် နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိတဲ့ ဘုရားကျောင်းနှစ်ကျောင်းလည်း ပါဝင်ခဲ့ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ