International News: တူရကီ ဘောလုံးကွင်းအနီး ဗုံးပေါက်ကွဲမှု အနည်းဆုံး ၂၉ ဦးသေဆုံး

ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

play

 

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့လယ်ခေါင်မှာ ဗုံးနှစ်လုံးပေါက်ကွဲပြီးနောက် အနည်းဆုံး လူပေါင်း ၂၉ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ပေါက်ကွဲခဲ့တဲ့ ဗုံးနှစ်လုံးဟာ ကားအတွင်း တပ်ဆင်ထားခဲ့တဲ့ ဗုံးတစ်လုံးနဲ့ အသေခံဖောက်ခွဲခဲ့တဲ ဗုံးတစ်လုံးတို့ ဖြစ်ကြောင်းလောလောဆယ် သိရပါတယ်။ ရဲအရာရှိတွေကို အဓိကပစ်မှတ်ထားကာ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အစ္စတန်ဘူလ်မြို့ရဲ့ ဘောလုံးကွင်းအနီးမှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

play

ဗုံးပေါက်ကွဲမှုတွေအပြီး သေနတ်သံတွေလည်း ကြားခဲ့ရတယ်လို့ အနီးအနားက မျက်မြင်သက်သေတွေက ဆိုပါတယ်။ အစ္စတန်ဘူလ်မြို့အတွင်း ဘီဆစ်တပ် ဘောလုံးအတွင်းက ပရိသတ်တွေ ထွက်ခွာသွားပြီး နှစ်နာရီလောက်အကြာမှာ သေနတ်သံတွေ ကြားခဲ့ရတာဖြစ်ပါတယ်။ အခုတော့စုစုပေါင်း ဆယ်စုခန့်ကို ဖမ်းဆီးထားပြီးပြီလို့ သိရပါတယ်။

 

ဒီအကြမ်းဖက်မှု နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းရှိလဲ တရားဝင် မသိရသေးပေမဲ့ ဒီနှစ်အတွင်း ကာဒစ်ရှ်တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ အိုက်အက်စ်အကြမ်းဖက်သမားတွေလက်ချက်ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

Source  : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ