International News: မိခင်ဖြစ်သူနှင့် ငြိစွန်းနေသည့် သူငယ်ချင်းကို ဓားဖြင့်ထိုးသတ်လိုက်သည့် ဆယ်ကျော်သက်

မက်သရူးဟာ သူ့ရဲ့သူငယ်ချင်းကို မိခင်ဖြစ်သူနဲ့ ချစ်ကြိုက်နေတဲ့အတွက် ဓားနဲ့ထိုးလိုက်တာ ဖြစ်ပါတယ်။

play

 

ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးဟာ သူ့ရဲ့မိခင်ဖြစ်သူနဲ့ ချစ်ကြိုးသွယ်နေခဲ့တဲ့ သူငယ်ချင်းဖြစ်သူကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်ကြောင်း သိရပါတယ်။

အသက် ၁၉ နှစ်အရွယ် ဘစ်ဂလီဆိုသူ လူငယ်ဟာ သူငယ်ချင်းဖြစ်သူကို သတ်ဖြတ်ခဲ့ရာမှာ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ထောင်ဒဏ် တစ်သက်ကျခံရဖို့အမိန့်ချခံခဲ့ရပါတယ်။ ဘယ်လိုအကြောင်းနဲ့ပဲ ဖြစ်ဖြစ်အနည်းဆုံး ထောင်ထဲမှာ ၂၂ နှစ်အထိနေရမယ်ဆိုတဲ့ အမိန့်လည်း ပါဝင်ခဲ့ပါတယ်။

play

 

ဘစ်ဂလီရဲ့ သူငယ်ချင်းဖြစ်သူ အသက် ၁၉ နှစ်အရွယ် မက်သရူးဝီလ်ဆင်ဟာ ဘစ်ဂလီရဲ့မိခင်ဖြစ်သူနဲ့ တိတ်တဆိတ် ဇာတ်လမ်းဖြစ်နေကြောင်း ပေါ်ပေါက်ခဲ့ပြီးဟာ ဓားထိုးခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလ ၂၈ ရက်နေ့မှာ မက်သရူးဟာ ဓားဒဏ်ရာနဲ့ ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ဟာ အင်္ဂလန်နိုင်ငံရှက်ဖီးလ်မြို့မှာ ဖြစ်ပွားခဲ့တာပါ။

မက်သရူးသေဆုံးပြီးနောက် ရဲတွေက ဘစ်ဂလီကို လိုက်ရှာခဲ့ကြပြီး မျက်မြင်တွေ့သူတွေရဲ့ အကူအညီနဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။ ဘစ်ဂလီက မက်သရူးကိုထိုးခဲ့တဲ့ ဓားကိုလည်း အိမ်နောက်ဖေး ပန်းခြံထဲမှာ တွေ့ခဲ့ကြပါတယ်။

Source :  Mirror

ယခုပြစ်မှုအတွက် တစ်သက်တစ်ကျွန်းပြစ်ဒဏ်က မျှတသည်ဟု ထင်ပါသလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ