International News: ရည်းစားကို သူ့ခွင့်ပြုချက်မပါရင် ရေတောင်ချိုးခွင့်မပေးတဲ့ အမျိုးသား တရားစွဲခံရ

အခုတော့ တရားရုံးမှာ တရားစွဲခံထားရပါတယ်။

play

 

အသက် ၂၀ အရွယ် မစ်ရှဲလ်ဘိန်းကို ချစ်သူ ဂျက်စီကာဂေါ့စပဲလ်ကို ထိန်းချုပ်ကြိုးကိုင်မှု၊ အနိုင်ကျင့်မှုတွေနဲ့ တရားစွဲခံထားရပါတယ်။

မစ္စဂေါ့စပဲလ်ဟာ အမြဲကြောက်ရွံ့နေရပြီး သူ့စကား နားထောင်တယ်ဆိုတာကို ပြဖို့ ဓာတ်ပုံတွေတောင် ရိုက်ကူးပေးပို့ရတယ်လို့ ဆိုပါတယ်။

သူအပြင်ထွက်တဲ့အခါ ဂျက်စီကာကို မိတ်ကပ်လိမ်းခွင့်မပေးသလို ရေတောင်ချိုးခွင့်မပေးပါဘူး။

အင်္ဂလန်နိုင်ငံ၊ စတန်းဖို့ဒ်ရှိုင်းယားမှာ နေထိုင်တဲ့ ဘိန်းဟာ ကိုယ်ထိလက်ရောက်ကျူးလွန်မှု သုံးမှုနဲ့ နိုင်ထက်စီးနင်းပြုလုပ်မှု တစ်မှုတို့ကို ပြုလုပ်မိကြောင်း ဝန်ခံခဲ့ပါတယ်။

play

 

ယင်းသို့ အနိုင်ကျင့်မှုဟာ လပေါင်းများစွာ ကြာပြီလို့ ဆိုပါတယ်။

နေက်ဆုံးမှာ ဂျက်စီကာဟာ တခြားယောက်ျားတစ်ဦးနဲ့ ခြေပုန်းခုတ်နေတယ်လို့ စွပ်စွဲခံရကာ နှိပ်စက်ခံရတာကြောင့် ဆေးရုံတက်ခဲ့ပြီးတဲ့နောက်မှာမှ အခုလို တရားစွဲလိုက်တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦး အတူနေချိန်မှစပြီး ဘိန်းက ဂျက်စီကာကို အရာရာ ထိန်းချုပ်အနိုင်ကျင့်ခဲ့တာဖြစ်တယ်လို့ တရားလိုရှေ့နေ ခရစ္စက တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။

ဘိန်းရဲ့အမှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စီရင်ချက်ချမှာ ဖြစ်ပါတယ်။

Source & Photos : the Sun

အဲဒီလူကို ထောင်ကျစေချင်လား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ