International News: ကိုင်ရိုမြို့ ခရစ်ယာန်ဘုရားကျောင်းအနီး ပေါက်ကွဲမှုဖြစ်ပွား

အသေအပျောက်နဲ့ ဒဏ်ရာရသူစာရင်းကို အတိအကျ မသိရသေးပါဘူး။

play

 

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ကော့ပ်တစ် ခရစ်ယာန်ဘုရားကျောင်းအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂၂ ဦး ထက်မနည်း သေဆုံးသွားတယ်လို့ အီဂျစ်ရုပ်သံသတင်းတွေမှာ ဖော်ပြနေပါတယ်။ ဒီဇင်ဘာ ၁၁ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီ ဝန်းကျင်က St Mark's Orthodox ဘုရားကျောင်းအနီးမှာ ဖြစ်ပွားခဲ့တာပါ။ အနည်းဆုံး ၁၀ ဦး ဒဏ်ရာရသွားတယ်လို့လည်း သိရပါတယ်။

play

 

ဘုရားကျောင်းရဲ့အပြင်နံရံနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ အဆောင်ထဲမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ အဆိုပါဖောက်ခွဲမှုကို မည်သည့်အကြမ်းဖက်အဖွဲ့က ပြုလုပ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ သို့ပေမဲ့ ယင်းဘုရားကျောင်းဟာ စီနိုင်းမြို့က အစ္စလာမ်မစ်အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရတာတော့ ကြာပါပြီ။ အီဂျစ်နိုင်ငံရဲ့ လူဦးရေ သန်း ၉၀ အနက် ၁၀ ရာခိုင်နှုန်းဟာ ကော့ပ်တစ် ခရစ်ယာန်တွေဖြစ်ကြပါတယ်။

Source : BBC, Perth Now

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ