International News: ရုရှားဟက်ကာများက ၎င်းအတွက် ကူညီခဲ့ကြောင်း စီအိုင်အေအစီရင်ခံစာကို ထရန့် ပယ်ချ

ထရန့်ကို ကူညီရန် ရုရှားဟက်ကာများ ကြိုးပမ်းခဲ့တယ်လို့ ၎င်းတို့အနေနဲ့ ကောက်ချက်ချထားကြောင်း စီအိုအေ တာဝန်ရှိသူတွေက အမေရိကန်သတင်းဌာနတွေကို ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

play
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်


အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ရွေးကောက်ပွဲမှာ ၎င်းအသာရရှိရေး ရုရှားဟက်ကာများက ကူညီရန်ကြိုးပမ်းခဲ့ကြောင်း စီအိုင်အေရဲ့ ပြောကြားချက်ကို ရယ်စရာကောင်းပြီး မဖြစ်နိုင်ကြောင်း ပယ်ချလိုက်ပါတယ်။ ဒီမိုကရက်တစ်တွေက ရွေးကောက်ပွဲ ရှုံးနိမ့်မှုအပေါ် မခံမရပ်နိုင်ဖြစ်တာကြောင့် ထိုကဲ့သို့သတင်းတွေ ထုတ်လွှင့်နေခဲ့ကြောင်းလည်း ထရန့်က Fox News နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ဒေါ်နယ်ထရန့်နဲ့ Fox News အင်တာဗျူး

 

ထရန့်ကို ကူညီရန် ရုရှားဟက်ကာများ ကြိုးပမ်းခဲ့တယ်လို့ ၎င်းတို့အနေနဲ့ ကောက်ချက်ချထားကြောင်း စီအိုင်အေ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၉ ရက်မှာ အမေရိကန်သတင်းဌာနတွေကို ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရုရှားအစိုးရ တာဝန်ရှိသူတွေက ၎င်းတို့ရဲ့ဟက်ကာများ အမေရိကန်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီ hack လုပ်ကြောင်း စွပ်စွဲမှုတွေကို အကြိမ်ကြိမ် ငြင်းဆိုထားခဲ့ပါတယ်။

play
ရီပတ်ဘလစ်ကင် လွှတ်တော်အမတ် ဂျွန်မက်ကိန်း


အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ဒီမိုကရက်တစ်ပါတီနဲ့ သမ္မတလောင်း ဟီလာရီ ကလင်တန်ရဲ့ အဓိက လက်ထောက်တစ်ဦးရဲ့ အီးမေးလ်တွေကို  ပစ်မှတ်ထားတဲ့ hack လုပ်မှုများအပေါ် အပြည့်အစုံ သုံးသပ်အစီရင်ခံရန် စီအိုင်အေကို ညွှန်ကြားထားပါတယ်။ အဆိုပါ အီးမေးလ်တွေမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို Wikileaks မှတစ်ဆင့် အွန်လိုင်းမှာလွှင်တင်ခဲ့ရာ ဒီမိုကရက်တစ်တို့အတွက် အခက်တွေ့စေခဲ့ပြီး သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကို ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။

ဟက်ကာတွေက သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး hack လုပ်ခဲ့မှုအပေါ် အပြည့်အစုံ စုံစမ်းစစ်ဆေးရန် ရီပတ်ဘလစ်ကင်ပါတီမှ ထိပ်တန်းခေါင်းဆောင်များကလည်း တိုက်တွန်းထားကြောင်း သိရပါတယ်။ ဆီးနိတ်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့ရေးရာ ကော်မတီဥက္ကဋ္ဌ ရီပတ်ဘလစ်ကင်အမတ် ဂျွန်မက်ကိန်းနဲ့ ဒီမိုကရက်တစ်ပါတီမှ ထိပ်တန်းခေါင်းဆောင်များက ဒီဇင်ဘာ ၁၁ ရက်က ပူးတွဲထုတ်ပြန်ချက်မှာ စီအိုင်အေရဲ့ အစီရင်ခံစာဟာ အမေရိကန်နိုင်ငံသားတိုင်းအတွက် တုန်လှုပ်စရာကောင်းကြောင်း ဖော်ပြထားပါတယ်။
Source & Photo: BBC

ထရန့်ကို ရုရှားဟက်ကာတွေ ကူညီခဲ့တယ်လို့ ထင်ပါသလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ