International News: သမ္မတပတ်ဂွန်ဟေးကို စွဲချက်တင်စစ်ဆေးမယ့်အပေါ် ပြည်သူတွေအောင်ပွဲခံ

စုံစမ်းစစ်ဆေးမှုအပြီးမှာ ခုံရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီးရင်တော့ သမ္မတသစ် ရွေးကောက်တင်မြှောက်ရမှာပါ။

play

 

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးကို စွဲချက်တင်စစ်ဆေးဖို့ လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်တဲ့အပေါ် ပြည်သူ ၅၀၀,၀၀၀ ခန့်က အောင်ပွဲခံ ခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိ တောင်ကိုရီးယားနိုင်ငံရဲ့ ရာသီဥတုဟာ ရေခဲလုမတတ် အေးနေချိန်မှာတောင် ပတ်ဂွန်ဟေးကို ဆန့်ကျင်သူတွေက သူမကိုစွဲချက်တင်မယ့်အပေါ် ဝမ်းမြောက်စွာ အောင်ပွဲခံခဲ့ကြပါတယ်။

သမ္မတပတ်ဂွန်ဟေးဟာ သူငယ်ချင်းဖြစ်သူကို နိုင်ငံရေးမှာဝင်ရောက်စွက်ဖက်ခွင့်ပေးခဲ့သလို ခြစားမှုအရှုပ်အထွေးတွေနဲ့လည်း ပတ်သက်နေကြောင်း ပေါ်ပေါက်ခဲ့ပြီးနောက် ပြည်သူတွေက ပတ်ဂွန်ဟေးနုတ်ထွက်ရေး အကြီးအကျယ်ဆန္ဒပြခဲ့ကြပါတယ်။ ပတ်ဂွန်ဟေးကို ရက်ပေါင်း ၁၈၀ ကြာ စစ်ဆေးသွားမှာဖြစ်ပြီး သမ္မတတာဝန်ကိုတော့ ဝန်ကြီးချုပ်က ယာယီထိန်းသိမ်းထားမှာဖြစ်ပါတယ်။

play

 

တောင်ကိုရီးယားနိုင်ငံသားတွေဟာ သောကြာညနဲ့ စနေနေ့ညမှာ ဆိုးလ်မြို့ရဲ့ လမ်းတွေပေါ်မှာ ဖယောင်းတိုင်များ ကိုင်ဆောင်ပြီး ပတ်ဂွန်ဟေးရဲ့ သမ္မတအာဏာကျဆင်းသွားတဲ့အပေါ် ဝမ်းမြောက်ကြောင်း ဖော်ပြခဲ့ကြပါတယ်။ အချို့က ဂီတသံတွေ၊ သံပြိုင်ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပြီး မီးရှုးမီးပန်းတွေလည်း ဖောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အချို့ကဆိုရင် ပတ်ဂွန်ဟေးပုံစံတူအောင် ပြင်ဆင်ကာ အချုပ်သားဝတ်စုံကိုပါ ဝတ်ပြီး ဝင်ရောက်ဆင်နွှဲခဲ့ကြပါတယ်။

Source : The Guardian

ယခင်သတင်း - တောင်ကိုရီးယားသမ္မတကို စွဲချက်တင် စစ်ဆေးဖို့အတွက် လွှတ်တော်က ဆုံးဖြတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ