International News: ဝမ်းချိုင်းနားမူဝါဒအပေါ် ထရန့်ရဲ့မှတ်ချက်က တရုတ်အတွက် အလေးထားစရာဖြစ်လာ

တရုတ်အနေနဲ့ ကုန်သွယ်မှုနဲ့ အခြားကိစ္စရပ်တွေမှာ သဘောတူညီ ပူးပေါင်းဆောင်ရွက်မှု မရှိပါက ဝမ်းချိုင်းနားမူဝါဒကို စွန့်လွှတ်ဖွယ်ရှိကြောင်း ထရန့်က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

play


အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China policy) အပေါ် မှတ်ချက်စကားက ဘေဂျင်းအစိုးရအတွက် အလေးအနက် စိုးရမ်ပူပန်စရာ ဖြစ်လာကြောင်း သိရပါတယ်။ တရုတ်အနေနဲ့ ကုန်သွယ်မှုနဲ့ အခြားကိစ္စရပ်တွေမှာ သဘောတူညီ ပူးပေါင်းဆောင်ရွက်မှု မရှိပါက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို စွန့်လွှတ်ဖွယ်ရှိကြောင်း ထရန့်က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

တရုတ်က ငွေကြေးတန်ဖိုး ထိန်းချုပ်မှု၊ မြောက်ကိုရီးယားအရေး၊ တောင်တရုတ်ပင်လယ် အရေးတို့မှာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှု လုံးဝမရှိသလို တရုတ်က သတ်မှတ်ထားတဲ့ မူဝါဒ တစ်ခုကို အမေရိကန်အနေနဲ့ အသိအမှတ်ပြုနေရခြင်းကိုလည်း ထရန့်က ဝေဖန်ခဲ့ပါတယ်။ အစောပိုင်းက ထရန့်နဲ့ ထိုဝမ်သမ္မတ ဆိုင်အင်ဝမ်တို့ ဖုန်းဆက်သွယ်ပြောဆိုခဲ့မှုကိုလည်း တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ထိုင်ဝမ်သမ္မတက ၎င်းရဲ့ခရီးစဉ်အတွင်း အမေရိကန်ကို ဝင်ရောက်ရပ်နားမယ့် အစီအစဉ်ကိုလည်း ပိတ်ပင်ရန် တောင်းဆိုခဲ့ပါတယ်။ အမေရိကန်က တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ၁၉၇၉ ခုနှစ်မှစပြီး လေးစားလိုက်နာခဲ့ ဖြစ်ပါတယ်။

အဆိုပါ မူဝါဒအရ ထိုင်ဝမ်ဟာ တရုတ်ရဲ့ ခွဲထွက်ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့် နှစ်ပေါင်း ၆၀ ကျော်ကြာ ရပ်တည်ခဲ့ပေမဲ့ တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့မှု ထိခိုက်နိုင်တဲ့ ကိစ္စရပ်ကို အဓိကထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ